ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းပုံစံ (၁)များအား Scanner ဖြင့် ဖတ်ရှုမှုနှင့် အင်းစိန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်

 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းပုံစံ (၁)များအား Scanner ဖြင့် ဖတ်ရှုမှုနှင့် အင်းစိန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

နေပြည်တော်  ဇူလိုင်   ၂၆


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက် တံတားမြို့နယ်ရှိ   အမျိုးသား မှတ်ပုံတင်ရေးနှင့်    နိုင်ငံသား ဦးစီးဌာန၏      မှတ်တမ်းခန်းသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက လူတစ်ဦးချင်းစီ၏ နိုင်ငံသားဆိုင်ရာ      ကိုယ်ရေး အချက်အလက် မှတ်တမ်းပုံစံ (၁) များ   ထိန်းသိမ်းထားရှိမှု၊  တိုင်း ဒေသကြီး/ပြည်နယ်အလိုက် နိုင်ငံ သားဆိုင်ရာ    မှတ်တမ်းပုံစံ(၁) များအား   Scanner   ဖတ်ကာ ဒစ်ဂျစ်တယ်စနစ်ဖြင့်    ထိန်းသိမ်း ဆောင်ရွက်နေမှုနှင့်    လုပ်ငန်း ဆိုင်ရာ     လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက      လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည် မှတ်တမ်းပုံစံ(၁)များ အား  Scanner ဖတ်ထိန်းသိမ်း ခြင်းလုပ်ငန်း       ဆောင်ရွက်နေ သည့်   ဝန်ထမ်းများနှင့်တွေ့ဆုံကာ မဲစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း  ပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များကို ကွန်ပျူတာများဖြင့် ဖြည့်သွင်း၍ နေပြည်တော်ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်သည့် လုပ်ငန်း ကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက်   ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ယခုလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံ သားဆိုင်ရာ  ကိုယ်ရေးအချက် အလက်မှတ်တမ်းပုံစံ (၁) များကို လည်း Scanner ဖတ်ထိန်းသိမ်း ခြင်းလုပ်ငန်းကိုလည်း   ဆောင် ရွက်လျက်ရှိကြောင်း၊        ပုံစံ(၁) မှတ်တမ်းများသည်   နိုင်ငံသား ဖြစ်မှုကို ဥပဒေအရ စိစစ်ရာတွင် အရေးကြီးသည့်     အထောက် အထား   မှတ်တမ်းမှတ်ရာများ ဖြစ်ရာ   ပျောက်ပျက်မှုမရှိစေရေး အတွက် ယခုကဲ့သို့ ဒစ်ဂျစ်တယ် စနစ်ဖြင့်   ထိန်းသိမ်းဆောင်ရွက် ရခြင်းဖြစ်သည်ကို   ဝန်ထမ်းများ အားလုံး သိရှိနားလည်ထားကြရန် လိုကြောင်း၊      မှတ်တမ်းပုံစံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် အဘက်ဘက်က တွေးတောကြံဆ ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးဆိုင်ရာ   စီမံချက်များ ရေးဆွဲကာ တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန်    လိုကြောင်း ရှင်းလင်းမှာကြားသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည်     ဝန်ထမ်းများက မှတ်တမ်းပုံစံ (၁) များကို Scanner  ဖတ်  ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မှတ်တမ်းခန်းများအတွင်း ပုံစံ (၁) စာရွက်စာတမ်းများ    ထိန်းသိမ်း ထားရှိမှုများကို     လည်းကောင်း လှည့်လည်ကြည့်ရှု  စစ်ဆေးကာ လိုအပ်သည်များ    ညှိနှိုင်းဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

 


ထိုမှတစ်ဆင့်   ပြည်ထောင်စု ဝန်ကြီးသည်     အင်းစိန်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန် GTI)သို့ သွားရောက်၍ ကျောင်း ခန်းမအတွင်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊  ဆက်စပ်ဌာနများမှ ဝန်ထမ်းများနှင့်   လုပ်အားပေး လူငယ်များက   မဲစာရင်းမှန်ကန် ရေးအတွက်    စိစစ်ဆောင်ရွက် ရာတွင် လိုအပ်သည့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်း  ပုံစံ (၆၆/၆) ပါ  အချက်အလက်များ ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ    Server  သို့     ပေးပို့ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ 

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည် လုပ်ငန်းဆောင်ရွက် နေကြသူများကို ယခုလုပ်ငန်းစဉ် သည် နိုင်ငံတော်အတွက် အရေး ကြီးသည့်      လုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ နိုင်-၄ မှတ်တမ်းများ   နှင့်    ယခုဆောင်ရွက်နေသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ၏ အချက်အလက်များကို ရုံးချုပ် Server သို့ ဖြည့်သွင်းပေးပို့ဆောင်ရွက်ပြီးပါက အနာဂတ် တွင်   ဆောင်ရွက်မည့်  မဲစာရင်း မှန်ကန်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ် များ၊    ယင်းလုပ်ငန်းစဉ်များနှင့် ဆက်စပ်၍ မိမိတို့ဌာနမှ ဆောင် ရွက်နေသည့်       e-ID   စနစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး   လုပ်ငန်း ဆောင်ရွက်      နေသူများအတွက် စားသောက်ဖွယ်ရာ   ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ   လိုအပ် သည်များ     ဖြည့်ဆည်းဆောင် ရွက်ပေးပြီး       ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရ သည်။

သတင်းစဉ်