နေပြည်တော် ဇူလိုင် ၂၆
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Develop-ment) ရရှိစေရေးအတွက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုသာမက သန့်ရှင်းသောပတ်ဝန်းကျင် နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင် ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီ ဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် စီးပွားရေးနှင့် လူမှုဘဝတိုးတက်မြင့်မားရေးကို ခြိမ်းခြောက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် အတူ ပါရီသဘောတူညီချက်အရ နိုင်ငံအဆင့် ရာသီ ဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် ပါဝင်သည့် ကဏ္ဍအလိုက် ရည်မှန်းချက်များအား အကောင် အထည်ဖော်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါ ကြောင်း။
ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စွန့်ပစ် ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင် အရည်အသွေးထိန်းချုပ်ရေးကို တစ်ပါတည်း လက်တွေ့ကျင့်သုံး ဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်မှုကော်မတီများက ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူး တို့က ကဏ္ဍအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြ ပြီး တက်ရောက်လာသူများက ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေး ချက်များအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



