ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် လျင်မြန်ချောမွေ့စေရေး ပြည်သူ့ဝန်ဆောင်မှု (One Stop Shop)ရုံးနှင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့ကို ကြည့်ရှုစစ်ဆေး

 

ဘားအံ  ဇူလိုင်   ၂၆


ကရင်ပြည်နယ်      ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်   ပြည်နယ် ဝန်ကြီးများ၊         ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းက       ဘားအံမြို့ စုပေါင်းရုံးရှိ     ပြည်သူ့ဝန်ဆောင် မှု (One   Stop   Shop) ရုံးနှင့် အမှတ် (၄)ရပ်ကွက်         သီရိလမ်း ပေါ်ရှိ            မြန်မာနိုင်ငံကူး လက်မှတ်        ထုတ်ပေးရေးရုံး တို့ကို       သွားရောက်ကြည့်ရှု         စစ်ဆေးသည်။

 


ပြည်သူတို့၏       အခြေခံ လိုအပ်ချက်များကို    ဖြည့်ဆည်း ဆောင်ရွက်ရာတွင်   အဆင်ပြေ ချောမွေ့သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရေး၊     အစိုးရ နှင့်        ဌာနဆိုင်ရာများအပေါ် ပြည်သူများ၏ အားကိုးယုံကြည်မှု တိုးပွားလာစေရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်     သွားရောက်ကြည့်ရှု စစ်ဆေးသည်။       ယင်းနောက်    ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူ့  ဝန်ဆောင်မှု (One Stop Shop)ရုံးတွင်   ဌာနဆိုင်ရာ   ၁၁  ဌာန မှ       ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ     ဆောင်ရွက်နေမှု အခြေအနေ၊   ဝန်ထမ်းများအား အလှည့်ကျ   တာဝန်ချထားပေးမှု အခြေအနေ၊ ဒေသခံပြည်သူများမှ ဝန်ဆောင်မှု      လုပ်ငန်းများကို အားကိုး      ယုံကြည်စွာဖြင့် လာရောက်လုပ်ကိုင် ဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ    ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် ခြင်းဖြစ်သည့်အတွက်   ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ   အရှိန် အဟုန်ဖြင့်     အစဉ်လည်ပတ် ချောမွေ့နေစေရေး    တာဝန်ရှိသူ များအား        လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ် စုပေါင်းရုံးရှိ    ဌာနဆိုင်ရာရုံးများ ကို     လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး ဝန်ထမ်းများ စည်းကမ်းတကျ ဖြင့်   တာဝန်ထမ်းဆောင်နိုင်ရေး၊ ရုံးလုပ်ငန်းသုံး        စက်ကိရိယာ၊ ပရိဘောဂများ   စည်းကမ်းတကျ ပြင်ဆင်ထိန်းသိမ်း    သုံးစွဲနိုင်ရေး နှင့်  လိုအပ်သည်များ   မှာကြား သည်။

 


ယင်းနောက်     ပြည်နယ် ဝန်ကြီးချုပ်နှင့်        အဖွဲ့သည် ဘားအံမြို့  အမှတ် (၄) ရပ်ကွက် သီရိလမ်းရှိ       မြန်မာနိုင်ငံကူး လက်မှတ်        ထုတ်ပေးရေးရုံး၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့် ကို   လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ    မှာကြားကာ  နိုင်ငံကူးလက်မှတ်   ဆောင်ရွက် နေကြသည့်       ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍  အားပေး စကားများ     ပြောကြားကြောင်း သိရသည်။


စောမျိုးမင်းသိန်း (ပြန်/ဆက်)