ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇူလိုင်    ၂၆ 


နယ်စပ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar အား နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   နှစ်နိုင်ငံအကြား  နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသများတွင်နေထိုင်သည့်   တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတ နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းအရ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင်      အိန္ဒိယသမ္မတနိုင်ငံ၏  ကူညီမှုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၏  အောင်မြင်ဖြစ်ထွန်းမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီး တွင် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။      

သတင်းစဉ်