နေပြည်တော် ဇူလိုင် ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ MRTV ထပ်ဆင့် လွှင့်စက်ရုံနှင့် ညောင်ရွှေမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တောင်ကြီးမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံ၌ MRTV တောင်ကြီးဇုန်နယ်မှူးနှင့် တောင် ကြီး ထပ်ဆင့်လွှင့်စက်ရုံမှူးတို့က စက်ရုံနှင့် တာဝါတိုင်များ ကြံ့ခိုင်မှု၊ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု နှင့် လုပ်ငန်းဆောင်ရွက်နေမှု ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စက် ပစ္စည်းများ ရေရှည်အသုံးပြုနိုင်ရန် အတွက် သတ်မှတ်ချက်နှင့်အညီ ကြံ့ခိုင်မှုပြုလုပ်ရေး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်းရှိ Anal-ogue စနစ်ဖြင့် တစ်လိုင်းတည်း ထုတ်လွှင့်နေသော ရုပ်သံထပ်ဆင့် လွှင့်စက်ရုံများတွင် DVB-T2 စနစ် ဖြင့် ပြောင်းလဲတပ်ဆင်ထုတ်လွှင့် ပေးနိုင်ရန် ကန့်သတ်ချက် ရှိပါက DTH စနစ်ဖြင့် ကြည့်ရှု နိုင်ရေး တင်ပြဆောင်ရွက်ရန် မှာကြားသည်။
ထောက်ပံ့ငွေများ ပေးအပ်
ထို့နောက် ထပ်ဆင့်လွှင့် စက်ရုံအတွင်း ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကာ ထောက်ပံ့ငွေများ ပေးအပ် သည်။
ယင်းနောက် ညောင်ရွှေမြို့ နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံး၌ ရုံးအတွင်း ခင်းကျင်းပြသထားသည့် ပြတိုက် ငယ်နှင့် နံရံကပ်စာစောင်များကို လည်းကောင်း၊ ကလေးစာဖတ် ခန်းနှင့် စာကြည့်တိုက်လုပ်ငန်း အား e-library စနစ် ပြောင်းလဲ ကျင့်သုံးနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဝန်ထမ်းများ နှင့် တွေ့ဆုံကာ ပြည်ထောင်စု ဝန်ကြီးက ညောင်ရွှေမြို့သည် ကမ္ဘာလှည့် ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာ ရောက်လည်ပတ်သော မြို့တစ်မြို့ ဖြစ်သဖြင့် မိမိတို့တိုင်းရင်းသား လူမျိုးများနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် များကို ဖော်ထုတ်ပြသနိုင်ရန် စီစဉ် ဆောင်ရွက်သင့်ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးများကို ခရိုင်နှင့် မြို့နယ်တိုင်းတွင် ဖွင့်လှစ်ပေး ထားပြီးဖြစ်၍ မိမိတို့၏ ရုံးများ၊ စာကြည့်တိုက်များတွင် လူငယ် များနှင့် ပတ်သက်သည့် အစီအစဉ် များ၊ လှုပ်ရှားမှုများကို စီစဉ်ဆောင် ရွက်၍ လူငယ်များအခြေပြုရာ နေရာဌာနတစ်ခု ဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း။
လစဉ်ထောက်ပံ့ပေးတော့မည်
စာကြည့်တိုက်တွင် လူငယ် များ ဖတ်ရှုလိုသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ စာအုပ် စာစောင်များ၊ အသိပညာဗဟု သုတရရှိနိုင်သည့် စာအုပ်စာစောင် များကို ဦးစားပေးထားရှိပေးစေ လိုကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ငှား စရိတ်ခံစားခွင့်များကို လစဉ် ထောက်ပံ့ပေးတော့မည်ဖြစ်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ပိုမိုဖော်ဆောင်ကြိုးပမ်း ကြစေလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ များရှိပါက အချင်းချင်း ပွင့်ပွင့် လင်းလင်းဆွေးနွေးကာ အဖြေရှာ ဆောင်ရွက်ရန်နှင့် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ကြရန် ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သတင်းစဉ်



