ဟားခါးမြို့တွင်း၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး ဆွေးနွေး

 

ဟားခါး  ဇူလိုင်  ၂၃


ချင်းပြည်နယ်   ဟားခါးမြို့ရှိ   အထင်ကရ နေရာများဖြစ်သော    တော်လှန်ရေးရေကန် ပန်းခြံ၊ ဟားခါး−ဂန်ဂေါလမ်းပေါ်ရှိ View Point၊ မြို့သစ်ရပ်ကွက်ရှိ ဂေါက်ကွင်းနှင့် လွတ်လပ် ရေးကျောက်တိုင် စသည့်နေရာများတွင် မြို့ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး အစည်းအဝေးကို ဇူလိုင် ၂၂ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

 


  အစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က  ဟားခါးမြို့တော်၏ သမိုင်းဝင်နေရာများဖြစ် သော တော်လှန်ရေးရေကန်အပါအဝင် အများ ပြည်သူစိတ်ဝင်စားသည့်  နေရာများကို မြို့ အင်္ဂါရပ်နှင့်အညီ      သန့်ရှင်းသာယာလှပစေပြီး ဒေသခံပြည်သူများသာမက   အခြား  တိုင်း ဒေသကြီး၊  ပြည်နယ်များနှင့် နိုင်ငံခြားသား များပါ လာရောက်အပန်းဖြေ အနားယူနိုင်သည့် နေရာဖြစ်စေရေး အဆင့်မြှင့်တင်နိုင်ရန် ဝိုင်းဝန်း အကြံပြုစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ဟားခါးမြို့ သန့်ရှင်းသာယာ လှပရေးကော်မတီဥက္ကဋ္ဌ     သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းက  မြို့တော်အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်မည့် လုပ်ငန်းများအတွက် ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းအတိုင်းအတာနှင့်    ရန်ပုံငွေ ပမာဏ အတည်ပြုချက်ရရှိပါက ကော်မတီဝင် အားလုံးက အမြန်ဆုံး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားရန်လိုကြောင်း ဆွေးနွေးပြီး တာဝန် ရှိသူများက  လုပ်ငန်းလျာထားချက်နှင့် ကုန်ကျ မည့်   ခန့်မှန်းရန်ပုံငွေ    တွက်ချက်မှု၊    ဒေသ ပေါက်စျေးနှင့် တွက်ချက်မှုအရ ခန့်မှန်းကုန်ကျ ငွေ၊     ရန်ပုံငွေလိုအပ်ချက်     အခြေအနေနှင့် ဆွေးနွေးဆုံးဖြတ်ရန်အချက်များကို ရှင်းလင်း တင်ပြပြီး  ကော်မတီဝင် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။                

ခရိုင်(ပြန်/ဆက်)