ကယားပြည်နယ်ဝန်ကြီးချုပ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ- ၆၆/၆) များ ထည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

လွိုင်ကော် ဇူလိုင် ၂၃


ကယားပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ- ၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းနေမှုကို လွိုင်ကော်မြို့  ပြည်နယ်မိခင် နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး၊  ကွန်ပျူတာ ခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်  ဝန်ကြီးချုပ်    ဦးဇော်မျိုးတင်နှင့်  တာဝန်ရှိသူများက  အဆိုပါလုပ်ငန်းများ  ဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ထိုသို့   ကြည့်ရှုစစ်ဆေးရာ     ပြည်နယ်ဝန်ကြီး ချုပ်နှင့်   တာဝန်ရှိသူများက   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်း များ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေ စာရင်း (ပုံစံ- ၆၆/၆) များ တိကျမှန်ကန်မှုရှိစေရေး အတွက် ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၏ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက်များကို e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေ မှုကို  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


အဆိုပါ e-ID စနစ်ဖြင့် Software အသုံးပြုကာ Database အတွင်း  ထည့်သွင်းသည့်  လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့်    ဌာနဆိုင်ရာများ  ပူးပေါင်းကာ  ဇူလိုင်  ၁၈ ရက်မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း အိမ်ထောင်စု လူဦးရေစာရင်းစုစုပေါင်း ၆၅၀၁၁ ကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။        

                           
ကိုဇင် (လွိုင်ကော်)