ချင်းဈေးကောင်းရရှိရန် ပင်လောင်းမြို့နယ်မှ ချင်းစိုက်တောင်သူများ မျှော်လင့်နေ

 

နောင်တရား   ဇူလိုင်  ၂၃


ရှမ်းပြည်နယ်တောင်ပိုင်း    ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ        ပင်လောင်းမြို့နယ် အတွင်းမှ ချင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်စိုက်ပျိုးသည့် ချင်းဥမနှင့် ချင်းအသစ် များ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိသော် လည်း ယခုအချိန်အထိ ဈေးကောင်းမရသေး ကြောင်း သိရသည်။

 


ပေါ့အင်ကျေးရွာအုပ်စု လွယ်တက်ကျေးရွာ မှ တောင်သူတစ်ဦးက “အရင်နှစ်က ချင်းဈေး တစ်ပိဿာ  ကျပ် ၁၀၀  ကနေ  ၃၀၀  ဈေးနဲ့ပဲ ဝယ်ကြတော့ မရောင်းဖြစ်ဘူး။ အကုန်ပြန်စိုက် လိုက်တယ်။ ဒီနှစ်လည်း အခုအချိန်ထိ ချင်းဈေး မတက်လာဘူး။    အောင်ပန်းကုန်စည်ဒိုင်မှာ တစ်ပိဿာ  ကျပ်  ၃၀၀ ကနေ ၅၀၀ အထိပဲ ရောင်းရတယ်။ ပွဲစားခ၊ ကားခ၊ အလုပ်သမားခ နုတ်ရင် တစ်ပိဿာ ၁၀၀ လောက်ပဲကျန်တယ်။ ချင်းဥမလည်းဈေးကောင်းမရ၊ ချင်းသစ်လည်း ဈေးကောင်းမရရင်တော့ ရှုံးပြီပေါ့။ ချင်းစိုက် တာ  ကုန်ကျစရိတ်သက်သာလို့  တော်သေး တယ်။ အခုလိုပေါက်ဈေးနဲ့သာဆို အများကြီး ရှုံးမှာ” ဟု   လွယ်တက်ကျေးရွာမှ  ချင်းစိုက် တောင်သူတစ်ဦးက ပြောသည်။

 


ယခုရာသီတွင်   ချင်းဥမများကို    ပြန်လည် တူးဖော်လျက်ရှိပြီး လုပ်သားခနှင့် မြေဩဇာ ဈေးနှုန်းကြောင့် စိုက်ပျိုးရေးစရိတ်မှာ ယခင် နှစ်များထက် မြင့်မားနေပြီး ချင်းဈေးကောင်း ရရှိရန် တောင်သူများက မျှော်လင့်နေကြသည်။  ပင်လောင်းမြို့နယ် နောင်တရားဒေသ၌ ထွက်ရှိ သည့် စိုက်ပျိုးရေးထုတ်ကုန်များကို အောင်ပန်း ကုန်စည်ဒိုင်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလျက်ရှိပြီး      စိုက်ပျိုးရေး ထုတ်ကုန်များ  ဈေးကောင်းရရှိရန်၊  အာမခံ ချက်ရရှိရန်နှင့်   စိုက်ပျိုးရေး   ကုန်ကျစရိတ် သက်သာစေရန်လည်း          မျှော်လင့်လျက်ရှိ ကြောင်း အဆိုပါ တောင်သူက ပြောသည်။                   

ခွန်အောင်(နောင်တရား)