ကျိုင်းတုံမြို့နယ်တွင် မြေငလျင်လှုပ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

 

ကျိုင်းတုံ    ဇူလိုင်   ၂၃ 


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် ရစ်(ချ်)တာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု ဇူလိုင် ၂၁ ရက် မြန်မာစံတော်ချိန်  ၂၃ နာရီ  ၃၇ မိနစ် ၂၆ စက္ကန့်တွင် လှုပ်ခဲ့ရာ   ခရစ်ယာန်ဘုရား ကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီး ခဲ့ကြောင်း သိရသည်။

 


မြေငလျင်လှုပ်ခတ်မှုကြောင့်   ကျိုင်းတုံမြို့နယ် နမ့်လီ/နမ့်လုံကျေးရွာအုပ်စု မိုင်းယွန်းအခြေခံပညာ ကျောင်းမှ သုံးခန်းတွဲ ကျောင်းဆောင်နှင့် အဆိုပါ ကျောင်း၏ နှစ်ခန်းတွဲ သန့်စင်ခန်း    ပြိုကျပျက်စီး ခဲ့ပြီး  နမ့်လီ/နမ့်လုံကျေးရွာအုပ်စု ကဲရွှေကျေးရွာ ခရစ်ယာန်ဘုရားကျောင်း ပျက်စီးခဲ့ကာ   လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 


အလားတူ ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ တစ်ထပ်တိုက်အဆောက်အအုံနှင့်   သွပ်မိုးမြေအုတ် ကာ လေးခန်းတွဲ တစ်ထပ်ဆောင်တို့၏ နံရံများ၊ ယန်းခကျေးရွာအုပ်စု ယန်းခကျေးရွာရှိ  လူနေအိမ် နှစ်လုံး၏ နံရံများ၊ ဆွတ်ရွဲ ရွာရှိ လူနေအိမ်တစ်လုံးမှ နံရံများ  ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း၊  ပျက်စီးမှုများအတွက်  တာဝန်ရှိသူ များက   လိုအပ်သည်များ    ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။  


အောင်ဇင်မြင့်(ပြန်/ဆက်)