မော်တော်ယာဉ်မောင်းနှင်သူသည် မီးဖွင့်မောင်းရာတွင် လိုက်နာရမည့်အချက်များ (နည်းဥပဒေ ၃၀၅)

 

    မော်တော်ယာဉ်မောင်းနှင်သူသည်     မီးဖွင့်မောင်းရာတွင်    အောက်ပါအချက်များကို    လိုက်နာရ ပါမည်-


    (က)    မည်သည့်မော်တော်ယာဉ်မဆို     နေဝင်ပြီးအချိန်မှ       နေမထွက်မီအချိန်အထိတွင် လည်းကောင်း၊   ရာသီဥတုကြောင့်   အလင်းရောင်နည်းနေသည့်    နေ့အချိန်တွင် လည်းကောင်း အလင်းရောင်ရရှိစေရန်အတွက် မီးဖွင့်၍ မောင်းနှင်ရမည်။

 


    ( ခ)    မော်တော်ယာဉ် ရှေ့မီးကြီးများကို  မျက်နှာချင်းဆိုင်လာသူများ  မျက်စိမစူးစေရန် အောက်စိုက်၍ အသုံးပြုရမည်။ အကယ်၍ မျက်နှာချင်းဆိုင်မော်တော်ယာဉ်မီးကြောင့် မျက်စိစူးပါက  မိမိမော်တော်ယာဉ်၏ အမြန်နှုန်းကို  လျှော့မောင်းရမည်  သိုမဟုတ် ခေတ္တရပ်ပေးရမည်။      အခြားမော်တော်ယာဉ်နောက်မှလိုက်၍   မောင်းနှင်နေပါက မိမိမော်တော်ယာဉ်၏ ရှေ့မီးကြီးများကို အောက်စိုက်၍ မောင်းနှင်ရမည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန