
နေပြည်တော် ဇူလိုင် ၂၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၀ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖျာပုံမြို့နယ် အတွင်း Toyota Succeed အမျိုး အစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ဇူလိုင် ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမို သယ်ဆောင်လာသော မော်တော် ယာဉ် အပိုပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၇၉၈၉၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် နောက်တွဲယာဉ်ပါ Nissan Diesel အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၇၉၈၉၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဇူလိုင် ၂၂ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မင်းလှ မြို့နယ်နှင့် လက်ပံတန်းမြို့နယ် အတွင်းရှိ သစ်တောကြိုးဝိုင်းများ အတွင်း တရားမဝင် ကျွန်းသစ် နှင့် သစ်မာ ၁၉ ဒသမ ၇၆၅၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၈၇၃၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၂၀ ရက်၊ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅၈၆၂၈၈) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်