ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ကောင်စီနယ်မြေရှိ National Control Center (NCC) ၊ ၂၃၀ ကေဗွီ နေပြည်တော်(၂) ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံတို့ကို ကြည့်ရှုစစ်ဆေး

 

 

 

နေပြည်တော် နိုဝင်ဘာ ၂၈

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေရှိ နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေး ဗဟိုဌာန ၊ ပုဗ္ဗသီရိ မြို့နယ်ရှိ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံနှင့် ပျဉ်းမနားမြို့နယ်ရှိ ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ပြီး နိုင်ငံ တော်၏ တိုးတက်သုံးစွဲလျက်ရှိသော လျှပ်စစ်ဓာတ်အား သယ်ဆောင်ဖြန့်ဖြူးပေးမှုနှင့် တိုးတက်ထုတ်လုပ်လာမည့် လျှပ်စစ်ဓာတ်အားများကို သယ်ဆောင်ပေးနိုင်ရန်အတွက် ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။

 

 

ရှင်းလင်းတင်ပြ

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံတော် ဓာတ်အားစနစ် ကွပ်ကဲရေးဗဟိုဌာန National Control Center (NCC)သို့ ရောက်ရှိရာ လျှပ်စစ်ဓာတ်အား ပို့လွှတ် ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရ က ဓာတ်အားစနစ်တည်ငြိမ်စွာ စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု၊ အနာဂတ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားစနစ်သို့ ဝင်ရောက်လာပါက ထိန်းညှိ ဆောင်ရွက်မည့် အစီအစဉ်၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ Smart Grid ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ထားရှိမှု ၊ အရည်အသွေးကောင်းမွန်သော ဓာတ်အားစနစ်နှင့် Voltage ပြည့်ဝစွာ ဓာတ်အားပို့လွှတ် နိုင်ရေး ဆောင်ရွက်ထားရှိမှု ၊ ဓာတ်အားစနစ်အတွင်းရှိ ခွဲရုံ များအား SCADA System ဖြင့် Automation စနစ်မောင်းနှင် ၍ Unmanned Sub-Station များအဖြစ် ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံတော် ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန၏ လုပ်ငန်း များ လည်ပတ်နေမှုနှင့် ကွပ်ကဲဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မ ဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ပျဉ်းမနား ပင်မဓာတ်အားခွဲရုံတို့သို့ ရောက်ရှိကြရာ လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအေးကျော် က နိုင်ငံတော်ဓာတ်အားစနစ်ရှိ အဓိကကျသော ခွဲရုံများ၏ လက်ရှိစွမ်းဆောင်နိုင်မှုနှင့် တိုးချဲ့ဆောင်ရွက်မှုများ၊ ပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားသော ဓာတ်အားလိုင်းများ တွင် လိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ် ခဲ့သည့် အခြေအနေများနှင့် ဓာတ်အားပျောက်ဆုံးမှု လျှော့ချ နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးရဲတိုးသွင်က အဓိကကျသည့် ဓာတ်အားခွဲရုံများမှ တစ်ဆင့် ပြန်လည်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေ ကိုလည်းကောင်း၊ နေပြည်တော်(၂) ဓာတ်အားခွဲရုံမှူးနှင့် ပျဉ်းမနား ဓာတ်အားခွဲရုံမှူးတို့က ဓာတ်အားလက်ခံပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေကို လည်းကောင်း ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

 

 

ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ရေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နှစ်စဉ်တိုးတက်လိုအပ်လျက် ရှိသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ရန်အတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား များကို သယ်ပို့ပေးနိုင်ရန်လည်း တစ်နိုင်ငံလုံးကို လွှမ်းခြုံ နိုင်သော ၅၀၀ ကေဗွီ ပြည်ထောင်စုမဟာဓာတ်အားလိုင်း (Union Grid) အသစ်များဖြစ်သည့် Eastern Grid ၊ Western Grid ၊ Southern Grid ၊ Northern Grid စသည် တို့ကိုလည်း စီမံဆောင်ရွက်လျက်ရှိရာ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း)-တောင်ငူ(စပါးကြွယ်)-ဘုရားကြီး(ကမာနတ်) ပြည်ထောင်စုမဟာဓာတ်အားလိုင်းစီမံကိန်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း၊ အဆိုပါ ၅၀၀ ကေဗွီလိုင်းများ ပြီးစီးသွားပါက လက်ရှိ ရံဖန်ရံခါ ဖြစ်တတ်သည့် System Breakdown ဖြစ်ခြင်းများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားစနစ်အတွင်း Automation ရရှိနိုင်ရေးအတွက် SCADA System Network တိုးချဲ့တည်ဆောက်နိုင်ရန် ဓာတ်အားလိုင်းများတွင် Optical Fiber Ground Wire (OPGW) ကြိုးများ အစားထိုး လဲလှယ်တပ်ဆင်လျက်ရှိသည်ကို ပိုမိုတိုးတက်မြန်ဆန် အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Smart Grid အဖြစ် ဖော်ဆောင်ရေး ရည်ရွယ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လိုင်းတစ်လိုင်းအပြစ် ဖြစ်ပွားချိန်တွင် အခြား လိုင်းတစ်လိုင်းမှ ပြန်လည်ဓာတ်အားပေးနိုင်ရန်အတွက် Single Circuit မှ Double Circuit ဓာတ်အားလိုင်းများ ဖြစ်အောင် တည်ဆောက်ခြင်းနှင့် ဓာတ်အားစနစ် ပိုမို ကောင်းမွန်စေ၍ ယုံကြည်စိတ်ချရသော (N-1 Criterion) System နှင့် ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် Radial System အပြင် Ring System များ အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါ System များနှင့်အတူ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားဖြန့်ဖြူးမှုများကိုလည်း ဟန်ချက်ညီညီ တိုးတက်ပြီးစီးအောင် ဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အားစနစ်အား ထိန်းသိမ်းကွပ်ကဲနိုင်ရေးအတွက် National Control Center (NCC) နေပြည်တော်၊ Load Dispatching Center (LDC) ရန်ကုန် စသည့် Control Center များကို ထားရှိဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ဒေသအလိုက် ဓာတ်အား ထိန်းညှိကွပ်ကဲရေးဌာန Regional Control Center (RCC) အဖြစ် မန္တလေးနှင့် အခြားသင့်လျော်သော နေရာများ တွင် ဆောင်ရွက်ရန် လျာထားစီမံ ဆောင်ရွက်လျက် ရှိကြောင်း။

ဇုန်လေးခု သတ်မှတ်ဆောင်ရွက်

ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၌ ကွပ်ကဲမှု လွယ်ကူစေရန် ဇုန်လေးခုကို သတ်မှတ်ပြီး စီစဉ်ဆောင်ရွက် လျက်ရှိရာ Zone(A)အဖြစ် မန္တလေးဓာတ်အားပေး စက်ရုံစု ကိုလည်းကောင်း၊ Zone(B)အဖြစ် နေပြည်တော် ဓာတ်အား ပေးစက်ရုံစုကိုလည်းကောင်း၊ Zone(C)အဖြစ် မကွေး ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း၊ Zone(D) အဖြစ် ရန်ကုန်ဓာတ်အားပေးစက်ရုံစုကိုလည်းကောင်း ဆောင်ရွက် လျက်ရှိရာ ၎င်းလုပ်ငန်းများကိုလည်း ဟန်ချက်ညီညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းများကို ဆောင်ရွက်လျက် ရှိရာ ယခုလို ကိုဗစ်ထိန်းသိမ်းမှုကာလအတွင်း၌ စီးပွားရေး ပြန်လည်ဦးမော့လာရေးကို အထောက်အကူဖြစ်စေရန် သက်ဆိုင်သော ပြည်သူများ၏ လက်ဝယ်သို့ ငွေကြေး စီးဆင်းမှု လျင်မြန်စေရန် စီမံကိန်းများ၏ သတ်မှတ် လျာထားချက်များ ပြီးမြောက်သည်နှင့် သတ်မှတ်ငွေကြေး ပေးချေမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လည်း အရည်အသွေးပြည့်မီစေရေး စစ်ဆေးကြပ်မတ်သွား ရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထု၏ အခြေခံကျသော လိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ဖြစ်သည့်အလျောက် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများ သည် ပြည်သူလူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် သက်ဆိုင်နေသဖြင့် ပေးထားသည့် ရည်မှန်းချက်များအပေါ် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် တစ်ဖက်တွင်လည်း မိမိတို့၏ လျှပ်စစ်မီးရရှိမှုအပေါ် မူတည် ၍ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည် ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း မှာကြားသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်မ ဓာတ်အားခွဲရုံများအတွင်း ဓာတ်အားလက်ခံပို့လွှတ်ဖြန့်ဖြူး နေမှုအခြေအနေများနှင့် တိုးချဲ့မည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

 

သတင်းစဉ်