
နေပြည်တော် နိုဝင်ဘာ ၂၇
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနား အထိမ်း အမှတ်အဖြစ် Virtual စနစ်ဖြင့် ကျင်းပ လျက်ရှိသော နိုင်ငံတကာသုတေသန ညီလာခံကို Transformation Proce- sses in Myanmar V ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ဂျာမနီနိုင်ငံ ကိုလုံးတက္ကသိုလ်တို့ ပူးပေါင်း၍ နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။
ယင်းသုတေသနညီလာခံတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ တက္ကသိုလ်များ နှင့် ပြည်တွင်းတက္ကသိုလ်ပေါင်း ၂၀ မှ သုတေသနပညာရှင်ပေါင်း ၉၂ ဦး တို့က သုတေသနစာတမ်းပေါင်း ၄၁ စောင်ကို ဖတ်ကြားဆွေးနွေးကြသည်။ ထိုညီလာခံတွင် ပညာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ မြန်မာနိုင်ငံတက္ကသိုလ်များ မှ ပါမောက္ခများ၊ ပြည်တွင်းပြည်ပ စာတမ်းရှင်များ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပ သော နိုင်ငံတကာသုတေသနညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့် အထိမ်းအမှတ်အဖြစ် အစီအစဉ် ပေါင်းများစွာကို တစ်နှစ်ပတ်လုံး ကျင်းပလျက်ရှိရာ ယနေ့မှစတင်၍ နှစ်ရက်ကြာ ကျင်းပလျက်ရှိသော နိုင်ငံတကာသုတေသနညီလာခံသို့ ပြည်တွင်း ပြည်ပပညာရှင်ပေါင်း ၉၂ ဦးက နိုင်ငံတကာသုတေသန စာတမ်း ပေါင်း ၄၁ စောင်ကို ဖတ်ကြားဆွေးနွေး ကြသည့်အတွက် များစွာကျေးဇူးတင် ရှိ၍ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပညာရှင် များက သုတေသနစာတမ်းများ ပါဝင် ဆွေးနွေးကြခြင်းသည် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြင့်မားလာမှု၏ အထောက်အထားပင် ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် တက္ကသိုလ်တစ်ခု ၏ သုတေသန၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး၏ အရေးပါသော အခန်း ကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ယင်း၏ အသီးအပွင့်များကို တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စီမံခန့်ခွဲရေးဝန်ထမ်း များအားလုံး ရရှိခံစားနိုင်မည် ဖြစ်ပါ ကြောင်း၊ ပညာရပ်ဆိုင်ရာ အတွေး အမြင်၊ အယူအဆ၊ အတွေ့အကြုံ ကောင်းများ၊ ဖြေရှင်းနည်းများသည် ထိရောက်သော သင်ယူမှုဝန်းကျင် ကောင်းကို ဖန်တီးရာတွင်လည်းကောင်း နယ်ပယ်စုံတွင် ပညာဗဟုသုတ အတွေ့အကြုံများကို ဝေမျှရာတွင် လည်းကောင်း များစွာအထောက်အကူ ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ASEAN University Network နှင့် Erasmus+ University Network ကဲ့သို့သော နိုင်ငံတကာသိပ္ပံပညာရပ် ကွန်ရက်များမှ တက္ကသိုလ်များ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် မှုများသည် အပြန်အလှန်အသိအမှတ် ပြုမှုနှင့် အပြန်အလှန်နားလည် ယုံကြည်မှုတိုးတက်မှုကို ထင်ဟပ်ပါ ကြောင်း။
ဤသို့ နိုင်ငံတကာသုတေသန ညီလာခံများ ကျင်းပခြင်းဖြင့် ၂၀၀၃ ခုနှစ်တွင် ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာအရ ရန်ကုန်တက္ကသိုလ် နှင့် ကိုလုံးတက္ကသိုလ်တို့၏အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင် ပြီး ပိုမိုခိုင်မာသော ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ဆက်လက်ထူထောင် နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အသွေး အခြေပြု ရာထူးတိုးမြှင့်ရေးမူများ အရ ပြည်တွင်း၊ ပြည်ပသုတေသန လုပ်ငန်းများကို အားပေးလျက် ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၁၆ ကျောင်း တွင် ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်ကို ကနဦး ကျင့်သုံးလျက်ရှိပါကြောင်း၊ ဆရာဖလှယ်ရေး၊ ကျောင်းသားဖလှယ် ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကျင်းပသော နိုင်ငံတကာသုတေသန ညီလာခံကဲ့သို့သော ညီလာခံများ၊ ဆွေးနွေးပွဲများ၊ အရည်အသွေးမြှင့်တင် ရေး သင်တန်းများသည် ပညာရပ် ဆိုင်ရာ တီထွင်ဆန်းသစ်မှုများအတွက် ပြောဆိုဆွေးနွေးနိုင်သော Platform များ ဖြစ်ပါကြောင်းနှင့် ဆန်းသစ်သော သုတေသန တွေ့ရှိချက်များကို ဤညီလာခံတွင် ပွင့်လင်းစွာ အကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ သံအမတ်ကြီး ကိုယ်စား Head of the Cultural Section Mr. Frank Thierfelder၊ ပါမောက္ခချုပ်များ၊ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် ဂျာမနီနိုင်ငံ ကိုလုံး တက္ကသိုလ်မှ Prf. Dr. Frauke Kraas က Keynote Speech ပြောကြားကာ အစီအစဉ်အတိုင်း သုတေသနစာတမ်း များ ဖတ်ကြားတင်သွင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်