စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တို့၌ ခရီးသည်တင်မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ခရီးသွားပြည်သူများ သေဆုံး/ဒဏ်ရာရရှိ

 

နေပြည်တော်  ဇူလိုင်  ၁၃    

 

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေ ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍   စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ ပြည်သူများနေထိုင်ရာ  မြို့၊  ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊    လက်နက်ငယ်များဖြင့်    ပစ်ခတ် တိုက်ခိုက်ခြင်း၊    လမ်းမကြီးများပေါ်၌   မောင်းနှင် သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲ တိုက်ခိုက်ခြင်း၊  လမ်းတံတားများအား   မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ် များ လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့လုပ်ဆောင်လျက်ရှိရာ  ဇူလိုင်  ၁၂   ရက် နံနက် ၁၀ နာရီခန့်တွင် မြစ်ကြီးနားမြို့မှ မန္တလေး မြို့သို့      ပြေးဆွဲသည့်    ခရီးသည်တင်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး       ကန့်ဘလူမြို့နယ် ဘောကျေးရွာ၏အထွက်    ရွှေဘို  -  မြစ်ကြီးနား ကားလမ်းဘေးရှိ ယာဉ် စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှု ခံယူနေစဉ် လမ်း၏ယာဘက် လေးပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့က  ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှု  ဖြစ်ပွားခဲ့ပြီး   ပေါက်ကွဲမှု ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့နယ် ဆည်ကုန်းကျေးရွာနေ မစောဖြူဌေး (၂၆) နှစ် (ဘ) ဦးသိန်းနိုင်တွင်  မိုင်းစ ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ပြီး ခရီးသည်  ခုနစ်ဦးတို့တွင်  မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ရွှေဘို မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။

 


အလားတူ  ယနေ့နံနက်  ၁၀  နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ထားဝယ်မြို့သို့ ဦးအောင်ကိုဦး (ဘ) ဦးအောင် မောင်းနှင်၍ ခရီးသည် ၂၀   လိုက်ပါလာသည့် ရွှေဝယ်မင်း  ခရီးသည်တင် မော်တော်ယာဉ်ကို    ပုလောမြို့၏    တောင်ဘက် မီတာ   ၃၀၀၀  ခန့်အကွာ  ထားဝယ် - မြိတ် သွား ကားလမ်း  မိုင်တိုင်အမှတ် (၁၀၁/၁) နှင့် (၁၀၁/၂)အကြား၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံး  ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း အပါအဝင် ခရီးသည်လေးဦး ထိခိုက် ဒဏ်ရာရရှိ၍ မော်တော်ယာဉ် ရှေ့ဝင်ပေါက်တံခါးမှန် များ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများကိုပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ မှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

 


ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီး ပေါ်၌   သွားလာနေသည့်   ခရီးသည်တင်မော်တော် ယာဉ်များကို    လက်လုပ်မိုင်းများဖြင့်   ဖောက်ခွဲ တိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် PDF အမည်ခံအကြမ်း ဖက်သမားများကို  ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ နှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။      

 သတင်းစဉ်