
မူဆယ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့ ၌ အများပြည်သူသုံးစွဲရန်မသင့်သည့် တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မူဆယ်အကောက် ခွန် ဦးစီးဌာနရုံးဝင်းအတွင်း ဖျက်ဆီးကွင်း၌ မီးရှို့ ဖျက်ဆီးသည်။
အဆိုပါ တရုတ်နိုင်ငံထုတ် စားသောက်ကုန်မီးရှို့ ဖျက်ဆီးရာတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကိုကိုနိုင် ဦးဆောင်သော ခုနစ်ဦးအဖွဲ့ဖြင့် တရုတ်နိုင်ငံထုတ်စီးကရက် ၄၄ တောင့်၊ တရုတ်နိုင်ငံ ထုတ် ကြက်အူချောင်း (1x3.5Kg) ၄၄၁၈ ဖာနှင့် (1x4Kg) ၁၆၅၀ ဖာ၊ တရုတ်နိုင်ငံထုတ်မုန့် (1x2 Kg) ၁၂၀၀ နှင့် တရုတ်နိုင်ငံထုတ်နေကြာစေ့ ၅၆၈ ကီလို တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၅၉၀၅၃၂၀၀ ခန့်ရှိကြောင်း သိရသည်။
ယင်းမီးရှို့ဖျက်ဆီးခြင်းကို မူဆယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ အကောက်ခွန် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် မျိုးဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)