
နေပြည်တော် ဇူလိုင် ၁၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေး ရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင် ယာဉ် နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ကြမ်းခင်းဖယောင်း ပုဆိုးလိပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၅၀၀၀)နှင့် WESTLAKE အမျိုးအစား မော်တော်ကားတာယာ များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၆၅၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ် ၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက် အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့် ကိတ်မုန့်ပြုလုပ်ရာတွင် အသုံးပြုသော စားသောက် ကုန် ပစ္စည်းများနှင့် လက်ဖက်ခြောက် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၃၅၀၀၀)နှင့် အဆိုပါ စားသောက်ကုန် ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား (၆) ဘီး ကုန်တင်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၅၃၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်ရှိ ကျောက်မဆင် ကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်နှင့် ဒီးဒူးခွဲသား (၁၃ ဒသမ ၈၆၂) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၃၇၁၁၂၆)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဟားခါး မြို့မရဲစခန်း စခန်းမှူး ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က ဟားခါး - မတူပီကားလမ်း ကျောဘုတ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟားခါးမြို့မှ မတူပီလမ်းသို့ မောင်းနှင်လာသော Mitsubishi Pajero GD1 အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၉၇၁၁၂၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်