ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၌ ဆေးကုသရန်သွားသည့် သားအမိနှစ်ဦး PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိ

 

နေပြည်တော်  ဇူလိုင်  ၁၀


ပဲခူးတိုင်းဒေသကြီး‌ ကျောက်တံခါး မြို့နယ်၌   ဇူလိုင်  ၉ ရက်က ဆေးကုသရန်သွားသည့် သားအမိ နှစ်ဦး PDF အမည်ခံအကြမ်းဖက် သမားများ    ထောင်ထားသည့် လက်လုပ်နင်းမိုင်း    တစ်လုံးကို နင်းမိပေါက်ကွဲကာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးနှင့်  မိခင်ဖြစ် သူတို့  ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ  ဇူလိုင်  ၉ ရက် နံနက်  ၇  နာရီ  ၄၅   မိနစ်တွင် ရွှေကျင်မြို့နယ်      ကျွန်းကြီး ကျေးရွာနေ    မချစ်သက်သက် အောင်(ခ) အငယ်မ (၂၆)နှစ်သည် ကျန်းမာရေးမကောင်းသည့် ၎င်း ၏သားဖြစ်သူ မောင်အောင်ဆန်း လင်း (၄)နှစ်ကို   ကျောက်တံခါး မြို့နယ်  ကညင်ကျိုးကျေးရွာရှိ တိုက်နယ်ဆေးရုံသို့  ဆေးကုသ ရန်အတွက်        သွားရောက်စဉ်    လှေတန်းကျွန်းကြီး ကျေးရွာကူး တို့ဆိပ်အနီး၌    PDF  အမည်ခံ အကြမ်းဖက်သမားများ  ထောင် ထားသည့်     လက်လုပ်နင်းမိုင်း တစ်လုံးကို    နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး     ပေါက်ကွဲ မှုကြောင့်  မောင်အောင်ဆန်းလင်း  (၄)  နှစ် တွင်  ဝဲ/ယာ   ခြေထောက် နှစ်ချောင်း ဒူးအောက်မှပြတ်ကာ၊ မိခင်ဖြစ်သူ    မချစ်သက်သက် အောင်(ခ) မအငယ်မ၏ မျက်နှာ၌ မိုင်းစထိမှန်ဒဏ်ရာများ    ရရှိခဲ့ သဖြင့်   ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့        တက်ရောက် ဆေးကုသမှု         ခံယူလျက်ရှိသည်။

 


ထိုသို့ PDF အကြမ်းဖက်သမား များ ထောင်ထားသည့် လက်လုပ် နင်းမိုင်းပေါက်ကွဲ၍     ထိခိုက် ဒဏ်ရာရရှိခဲ့သူများအား   ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက  လိုအပ်သော  ကူညီ ထောက်ပံ့မှုများ ဖြည့်ဆည်းပေး ကာ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှုပေးလျက် ရှိကြောင်းနှင့် အကြမ်းဖက်သမား များအား ဖော်ထုတ်၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး နယ်မြေခံ လုံခြုံရေး       တပ်ဖွဲ့ဝင်များက ဆက်လက်   ဆောင်ရွက်လျက်ရှိ ကြောင်း   သတင်းရရှိသည်။ 

သတင်းစဉ်