ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပခုက္ကူမြို့နယ် နုံးပို့ကျေးရွာရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ပြိုကျပျက်စီး

 

ပခုက္ကူ    ဇူလိုင်   ၁၀


မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့ နယ်  နုံးပို့ကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် ပြည်လုံးချမ်းသာစေတီ တော်မြတ်ကြီးသည်    ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့်   ဇူလိုင်  ၇  ရက် မွန်းလွဲ ၁ နာရီက  မြစ်ရေ ထဲသို့    ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာဒေသခံများထံက  သိရ သည်။

 


“ဧရာဝတီမြစ်       ရေကြီးပြီး ကမ်းပါး    တိုက်စားမှုတွေကြောင့် ကျွန်တော်တို့             ရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်      ပြည်လုံး ချမ်းသာ စေတီတော်မြတ်ကြီးဟာ ဇူလိုင် ၇ရက် က ပြိုကျပျက်စီးခဲ့ တာပါ။  မြစ်ရေကြီးတာကတော့ ဇွန်လတတိယအပတ်    ကတည်း  ကပါ။   ကျေးရွာဘုန်းတော်ကြီး ကျောင်းကလည်း    မြစ်ကမ်းနဲ့ ပေ   ၂၀  အကွာမှာပဲ  ရှိတော့တာ ကြောင့် ရွာရဲ့တောင်ဘက်ကို အရေးပေါ်    ရွှေ့ပြောင်းထားရပါ တယ်။  ကျေးရွာရှိ   မြစ်ကမ်းပါး နံဘေးရှိ လူနေအိမ်အချို့လည်း  ဘေးလွတ်ရာကို       ပြောင်းရွှေ့ နေထိုင်ကြပါတယ်။    ကျန်တဲ့အိမ်‌ တွေလည်း       ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့        ပြင်ဆင်နေကြပါ တယ်”   ဟု   ကျေးရွာနေပြည်သူ တစ်ဦးက ပြောပြသည်။

 


အဆိုပါ ဧရာဝတီမြစ်ရေကြီး ပြီး       ကမ်းပါးတိုက်စားပြိုကျမှု ကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်     ပြည်သူများ၏      လိုအပ်ချက်များကို ကူညီထောက်ပံ့ နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်       လူမှုရေးအဖွဲ့အစည်း များက ကြိုးပမ်းဆောင်ရွက်လျက် ရှိကြကြောင်း သိရသည်။             


ခရိုင်(ပြန်/ဆက်)