ဘူးသီးတောင် ဇူလိုင် ၇
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု ဖောင်တော်ပြင် ကျေးရွာအတွင်းသို့ ယမန်နေ့ည ၁၀ နာရီခန့်က တောဆင်ရိုင်း ၁၀ ကောင်မှာ ဝင်ရောက်ဖျက်ဆီး ခဲ့ရာ ဖောင်တော်ပြင်ကျေးရွာရှိ အထက (ခွဲ)ကျောင်း၏ အုတ် ခြံစည်းရိုး ပေ ၃၀ ခန့်၊ သံဆူးကြိုး ခြံစည်းရိုးပေ ၅၀ ခန့်၊ ကျောင်းအိမ်သာ တံခါးလေးချပ်၊ ရေတိုင်ကီတစ်လုံး၊ ဆိုလာပြားနှင့် ချိတ်ဆက်ထားသည့် ဝိုင်ယာ ကြိုးများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တောဆင်ရိုင်း ၁၀ ကောင်အား ကျေးရွာအုပ်ချုပ်ရေး မှူးနှင့် ကျေးရွာသူကျေးရွာသား များက ဝိုင်းဝန်းမောင်းထုတ်ရာ ည ၁၁ နာရီခန့်တွင် ကျေးရွာ၏ အရှေ့ဘက်သို့ ပြန်လည်ထွက်ခွာ သွားကြကြောင်းသိရပြီး တော ဆင်ရိုင်းများကြောင့် လူနှင့် တိရစ္ဆာန်များထိခိုက် သေဆုံးမှု များမရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)



