အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ်(စခန်းရုံး)အသင်းက ဒိုင်းဆုရရှိ

 

နေပြည်တော်   ဇူလိုင်   ၇


အနောက်မြောက်တိုင်း    စစ်ဌာန ချုပ်၏ ၂၀၂၂ ခုနှစ်  တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို    ဇူလိုင် ၆ ရက် ညနေပိုင်းက    တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌     ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်   အားကစားသမားများ တက်ရောက်ကြသည်။

 


ဦးစွာ    တိုင်းမှူးနှင့်   တက် ရောက်လာကြသူများက  ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့်    မုံရွာတပ်နယ် အသင်းနှင့်    တိုင်းစစ်ဌာနချုပ် (စခန်းရုံး)အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။  ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိသူများ၊   အသင်းလိုက်ဆု ရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော တိုင်းစစ်ဌာနချုပ် (စခန်းရုံး)အသင်းတို့ကို   တိုင်းမှူး နှင့် တာဝန်ရှိသူများက  ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး  ပေးအပ် ချီးမြှင့်ကြသည်။

 


အဆိုပါ ဘော်လီဘောပြိုင်ပွဲ အား တိုင်းစစ်ဌာနချုပ်  ကွပ်ကဲမှု အောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇွန် ၂၉ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်