ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ် စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၇


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးပစ္စည်းများအား  လေကြောင်း၊ ရေကြောင်းနှင့် ဆိပ်ကမ်းအသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက် ရှိရာ ဇူလိုင် ၇ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ သုံးခုမှPentavalent Vaccine  ၃၇၂၅၀၊  Bleon Powder For Injection ၈၉၅ ခု၊ Gempowder Injection ၆၀၀၊ Riborea Capsules ၂၉၄၀ ၊ Pact Powder For Injection ၃၀၊  Axipime Powder For  Injection ၃၀၊ Ameroinjection ၃၀၊ Aminacin-500 Injection ၃၀၊  Amciti Injection ခြောက်ခု၊ Aspas Injection  သုံးခု ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ လေးမျိုး စုစုပေါင်း ၂၁၆၅၉ ဒသမ ၇၃ Kg တို့ကို  ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိသည်။                                      

သတင်းစဉ်