နေပြည်တော် ဇူလိုင် ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြား ချက်ဖြင့် ကနဦးမဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းစနစ် (Initial Voter List Scrutinizer- IVLS Software) အသုံးပြုနည်းလမ်းညွှန် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မြန်မာ့ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး သင်တန်း ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။
အဆိုပါ သင်တန်း၌ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များမှ ဝန်ထမ်း ၈၄ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



