၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက် အမှတ် A-1 ဧရိယာ တွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Diving Support Vessels, LICHT-ENSTEIN ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့် Coordinate များ ဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၁ ဒသမ ၁၁၅ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၄ ဒသမ ၃၄၀ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၂ ဒသမ ၇၅၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၇ ဒသမ ၂၀၂ စက္ကန့်၊ Point C မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၂ ဒသမ ၇၆၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၉ ဒသမ ၁၅၉ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၁ ဒသမ ၁၃၆ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၆ ဒသမ ၉၈၈ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက် အမှတ်၊ A-1 ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore installation Activities လုပ်ငန်းများအား Diving Support Vessels, LICHTENSTEIN ဖြင့် လုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက် ဖော်ပြပါ တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်း သွားလာခြင်း၊ ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထား ခြင်း မပြုလုပ်ကြရန် အသိပေးကြေညာအပ် ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန



