“သီချင်းဒိုင်ယာရီ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဇူလိုင်   ၆


ပြည်သူများ   အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်  စိတ်ခွန်အား သစ်များ    ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး   အစီအစဉ်များကို တိုးမြှင့်     တင်ဆက်လျက်ရှိရာ  Friday Night Show ဆန်းသစ် တင်ဆက်မှုအဖြစ်   နိုင်ငံကျော် အဆိုတော်ကြီး မြန်မာပြည်သိန်းတန် ရဲ့ “သီချင်းဒိုင်ယာရီ” တေးဂီတ ဖျော်ဖြေပွဲကို    ဇူလိုင်  ၈  ရက် ၊  သောကြာနေ့ ည ၈ နာရီ သတင်း အပြီးတွင်          မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏   MRTV-HD Channel  မှ    ထုတ်လွှင့်ပြသမည် ဖြစ်သည်။ 

 


ယင်းအစီအစဉ်တွင်   မြန်မာ ပြည်သိန်းတန်နှင့်အတူ မျိုးဆက် သစ် တေးသံရှင်များဖြစ်ကြသည့် စောဒယ်နီရယ်၊   ချိုမီမီဇော်နှင့် အိအိလှိုင်တို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတ အဖွဲ့က တီးခတ်ပေးမည်ဖြစ်သည်။

 


ထိုသို့ တင်ဆက်မှုကို ဇူလိုင် ၁၀ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်