ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားကြသူများကို ရည်စူး၍ အမျှအတန်းပေးဝေခြင်းပြုလုပ်

 

ရန်ကုန်   ဇူလိုင်   ၆


ကိုဗစ် - ၁၉  ကာလအတွင်း ကွယ် လွန်သွားကြသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ပျံလွန်တော်မူ သွားကြသော ရဟန်းသံဃာတော် များ၊ ရှင်သာမဏေများ၊ ကျဆုံး သွားကြသော  တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အုပ်ချုပ် ရေးအဖွဲ့အစည်း     အဆင့်ဆင့်မှ ပုဂ္ဂိုလ်များ၊   စစ်မှုထမ်းဟောင်း များ၊  အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများကို ရည်စူး၍ ဘာသာ ပေါင်းစုံ  ချစ်ကြည်ညီညွတ်ရေး အဖွဲ့က  ဝါဆိုသင်္ကန်း  ဆက်ကပ် လှူဒါန်းခြင်းနှင့် အမျှအတန်းပေး ဝေခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်   အမှတ် (၃၇၄) ကမ်းနားလမ်းမကြီး ရှိ   ဗဟိုခန်းမဆောင်၌    ပြုလုပ် သည်။

 


အခမ်းအနားသို့ အောင်ဆန်း တောရတပ်ဦးကျောင်း    ဆရာ တော် အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော သံဃာတော်အရှင် သူမြတ်များ ကြွရောက်တော်မူကြ ပြီး  ဘာသာပေါင်းစုံ   ချစ်ကြည် ညီညွတ်ရေးအဖွဲ့  (ဗဟို)   ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှုဆောင် များ တက်ရောက်ကြသည်။ 

 


ဦးစွာ တက်ရောက်လာကြသူ များက အောင်ဆန်းတောရတပ်ဦး ကျောင်း ဆရာတော်ထံမှ ငါးပါး သီလ   ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရား တော်များ    နာယူကြည်ညိုကြ သည်၊၊

 


ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှု ဆောင်များက   သံဃာတော်များ အား  ဝါဆိုသင်္ကန်းနှင့်  လှုဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြ ပြီး မော်ကျွန်းဆရာတော်   အဂ္ဂ မဟာ    မင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တ     တိလက္ခန္ဓာဘိဝံသထံမှ အနုမောဒနာ    တရားနာယူ၍ ရေစက်သွန်းချ  အမျှပေးဝေခဲ့ကြ ကြောင်း သိရသည်၊၊    
သတင်းစဉ်