နေပြည်တော် ဇူလိုင် ၆
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဦးတင် အောင် ဦးဆောင်သောအဖွဲ့သည် ဇူလိုင် ၄ ရက်တွင် သထုံအကျဉ်း ထောင်နှင့် သထုံမြို့မရဲစခန်း အချုပ်ခန်းကို လည်းကောင်း၊ ဇူလိုင် ၅ ရက်တွင် ဘားအံအကျဉ်း ထောင်နှင့် ဘားအံမြို့မရဲစခန်း အချုပ်တို့ကိုလည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် မာလာဖူးကုန်ထုတ် စခန်းကိုလည်းကောင်း သွား ရောက်၍ ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင် ဥပဒေလုပ်ထုံးလုပ်နည်း ထုတ်ပြန် ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ များကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံ ကာ အကျဉ်းသား/ အချုပ်သား တစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင် စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိ ခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပြီးစီးမှု၊ ကုန်ထုတ်လုပ်နေမှု စသည်တို့ကို မေးမြန်းမှတ်တမ်း တင်ခြင်းနှင့် ယခင်က ကြည့်ရှု စစ်ဆေးခဲ့သည့် အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ် သူများ၏ အိပ်ဆောင်များ၊ ထောင် တွင်းဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊ ရေသန့်စက်၊ သောက်ရေ နှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ၊ ကုန်ထုတ်စခန်း လုပ်ငန်းခွင်အန္တရာယ် ရှိ မရှိ မြေပြင်အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
အကျဉ်းသား / အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း မြန်မာပြန်စာသားများ ပါရှိသော မှတ်စုစာအုပ် ၉၀၀၊ ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၁၆၂ အုပ်နှင့် Oxygen Regulator ခြောက်လုံးတို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိများ က လက်ခံရယူသည်။
အဆိုပါအဖွဲ့၏ ခရီးစဉ် အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာသို့ ပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



