ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၂) ထွက်ပြီ

 

နေပြည်တော်   ဇူလိုင်   ၆


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၂)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတ ပြည့်စုံစေရန်၊ ရာထူးဝင်စာမေးပွဲများ၊ ပြန်တမ်း ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့်   အချက် အလက်များကို   တစ်စုတစ်စည်း တည်း   ရှာဖွေလေ့လာဖတ်ရှုနိုင် စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။ 

 


ယခု  ၂၀၂၂ ခုနှစ်ထုတ် စာအုပ် တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ       နိုင်ငံတော် ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏        မိန့်ခွန်း ကောက်နုတ်ချက်များနှင့် သဝဏ် လွှာ ကောက်နုတ်ချက်များ၊ မြန်မာ ရေးရာနှင့် ပတ်သက်သည့် အချက် အလက်များ၊  နိုင်ငံတကာရေးရာ သိမှတ်ဖွယ်ရာများ၊ သံတမန်ရေးရာ သိမှတ်ဖွယ်ရာများ၊ ကျန်းမာရေး ဆိုင်ရာ    သိမှတ်ဖွယ်ရာများ၊  အထွေထွေသိမှတ်ဖွယ်ရာများနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေ များကို  ထည့်သွင်းဖြည့်စွက်ထား ပါသည်။

 


ထို့ပြင် နိုင်ငံ့ဝန်ထမ်းလျှောက် ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များနှင့် ကျန်းမာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများလည်း ပါရှိသည့်အတွက်    ဗဟုသုတ ရှာမှီးလိုသူများ၊       ရာထူးဝင် စာမေးပွဲ    ဖြေဆိုမည့်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ   လက်ကိုင်ထား သင့်သည့် စာအုပ်ဖြစ်သည့်အပြင် အနာဂတ်     နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင် ကောင်းများ၊    အသိပညာရှင်၊ အတတ်ပညာရှင်များ   ပေါ်ထွန်း လာစေရေးအတွက်   အထောက် အကူပြုမည့်  စာအုပ်ဖြစ်သဖြင့် အိမ်တိုင်းရှိ  စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့်   စာအုပ် ဖြစ်သည်။

 


ယင်းစာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ ထုတ်ဝေပြီး နေပြည်တော်တွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ ဖုန်း ၀၆၇-၃၄၁၂၃၇၁   နှင့်   စာပေဗိမာန် အရောင်းဆိုင်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ အမှတ် (၂၂၈) သိမ်ဖြူလမ်း၊     ဗိုလ်တထောင် မြို့နယ်၊   ဖုန်း ၀၁-၈၂၀၁၉၃၆၊ ၀၁-၈၃၇၁၃၄၀၊   စာပေဗိမာန် အရောင်းဆိုင်များ၊     သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း    စာအုပ် အရောင်းဆိုင်နှင့် အမြို့မြို့အနယ် နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်ပါသည်။


သတင်းစဉ်