ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ကြည့်ရှုစစ်ဆေး

 

ရန်ကုန်     ဇူလိုင်     ၃ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ       ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် စက်ရုံမှူးတို့က   စက်ရုံ သမိုင်းကြောင်း၊ စက်ရုံလည်ပတ် ခဲ့မှု၊ ဝန်ထမ်းနှင့် လုံခြုံရေးအင်အား ရရှိမှု၊    စက်သုံးဆီသိုလှောင်ကန်၊ စက်သုံးဆီ  တင်ချဆိပ်ခံတံတား၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန် များနှင့် စက်ဆီရောစပ်စည်သွတ် စက်ရုံတို့ကို         ပြုပြင်မွမ်းမံ ထိန်းသိမ်းမှု၊ စက်ရုံဓာတ်ခွဲခန်း တွင်    စက်သုံးဆီနှင့်    စက်ဆီ/  ချောဆီများ စမ်းသပ်နေမှုနှင့်  ရှေ့ဆက်လက်   ဆောင်ရွက်မည့် အစီအစဉ်များ၊ စက်ရုံဧည့်ရိပ်သာ၊ ရုံးအဆောက်အအုံများ  ပြင်ဆင် မွမ်းမံထားရှိမှု၊      စက်ဆီရောစပ် စည်သွတ်စက်ရုံ        လည်ပတ် ထုတ်လုပ်နေမှုတို့ကို     ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည် စက်ရုံဧည့်ရိပ်သာ၊ ရုံးအဆောက်အအုံများ  ပြင်ဆင် မွမ်းမံထားရှိမှုနှင့် ရေနံပေါင်းတင် စက်တို့ကို     ကြည့်ရှုစစ်ဆေးပြီး  ရှေးဟောင်းအဆောက်အအုံများကို စဉ်ဆက်မပြတ်     ပြုပြင်မွမ်းမံ ထိန်းသိမ်းရန်     လိုအပ်ကြောင်း၊ စက်ရုံ       မွမ်းမံပြင်ဆင်ခြင်းနှင့် စက်ရုံလည်ပတ်နိုင်ရေး     ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်သုံးဆီအမျိုးမျိုးကို ပြည်တွင်း၌ပိုမို တိုးတက်           ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်         လိုအပ်ကြောင်း၊     ရင်းနှီးမြှုပ်နှံသူများ အား    ထပ်မံဖိတ်ခေါ်သွားရန်လို ကြောင်း၊      စက်ရုံဆိပ်ကမ်းတွင် ရေနံစိမ်းသင်္ဘောများ   ဆိုက်ကပ် နိုင်မည့်အခြေအနေကို သက်ဆိုင်ရာ   ဝန်ကြီးဌာနများနှင့်  ပူးပေါင်း လေ့လာ        တင်ပြသွားရန်ဖြစ်ကြောင်း မှာကြားသည်။ 

 


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးသည် ပြန်လည်လည်ပတ် ထုတ်လုပ်လျက်ရှိသည့် စက်ဆီ ရောစပ်         စည်သွတ်စက်ရုံနှင့် သိုလှောင်ကန်များ     ပြုပြင်မွမ်းမံ ပြီးစီးမှု၊   Filling  Mechine  ဖြင့် စက်ဆီ/ချောဆီ         ဖြည့်တင်း ဆောင်ရွက်နေမှုနှင့်     ကုန်ကြမ်း သိုလှောင်ထားရှိမှုကို      ကြည့်ရှု စစ်ဆေးပြီး          စက်ဆီရောစပ် စည်သွတ်စက်ရုံကို       စဉ်ဆက် မပြတ်    လည်ပတ်ထုတ်လုပ်ကာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ မှ    လိုအပ်သော    Mono-grade အဆင့်             စက်ဆီ/ချောဆီများ  အမြန်ဆုံး      ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရန်          လိုကြောင်း၊ ဒုတိယအဆင့်အနေဖြင့် Mono-grade   အဆင့်မှ    Multi-grade အဆင့်ရှိသော    စက်ဆီ/ချောဆီ များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး      ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စီးပွားရေးတွက်ချေကိုက်မှု   ရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များက     ပြည်ပမှ      ကုန်ကြမ်း တင်သွင်းကာ ဝန်ဆောင်ခပေးချေ သောစနစ်ဖြင့်    စက်ဆီ/ချောဆီ ရောစပ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကို လည်း    ဖိတ်ခေါ်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း မှာကြားသည်။ 

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စက်ရုံဝင်းအတွင်းရှိ ရှေးဟောင်း        ပေါ်တူဂီဘုရား ကျောင်းသို့ရောက်ရှိရာ    ဘုရား ကျောင်းတာဝန်ခံ၏     ရှင်းလင်း တင်ပြမှုများနှင့်       စပ်လျဉ်း၍  ဘုရားကျောင်း   ရေရှည်တည်တံ့စေရေး   ထိန်းသိမ်းစောင့်ရှောက်သွားရန်   မှာကြားခဲ့ကြောင်း   သိရသည်။

သတင်းစဉ်