စစ်တွေ ဇူလိုင် ၃
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရခိုင်ပြည်နယ် ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက် အဦသစ်ဖွင့်ပွဲကို စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ အဆိုပါအဆောက်အအုံ၌ ဇူလိုင် ၃ ရက်က ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် တာဝန် ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူ များ တက်ရောက်သည်။
ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံး အဆောက်အအုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင် မြင့်နှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက် အအုံသည် ဘေးအန္တရာယ်ကျရောက်မှုကြောင့် အကူ အညီ လိုအပ်နေသူ အရေးပေါ် အိမ်ထောင်စု ၁၅၀၀ ကျော်အတွက် မိသားစုအသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရေနှင့် ကျန်းမာရေးသုံးပစ္စည်းများ၊ အမျိုး သမီးများအတွက် အသုံးအဆောင်ပစ္စည်းများအပါ အဝင် အခြားကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ ကို အသင့်ထားရှိနိုင်ရန် သိုလှောင်ထားသည့် အဆောက်အုံဖြစ်ပြီး အရေးပေါ်အခြေအနေတွင် အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးထောက်ပံ့ပေးနိုင်မည် ဖြစ်သည့်အတွက် မိမိတို့ပြည်နယ်အတွက် များစွာ အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားသည်။
ထို့အပြင် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရာတွင်လည်းကောင်း၊ အစည်းအဝေးများ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ရန် သင်တန်းခန်းမနှင့် တည်းခိုဆောင်များပါ ထည့်သွင်း တည်ဆောက်ထားသည့်အတွက် စစ်တွေမြို့နယ် အတွင်းရှိ အခြားသော လူမှုပရဟိတအဖွဲ့အစည်း များအနေဖြင့် အစည်းအဝေးပြုလုပ်ရန် လည်း ကောင်း၊ သင်တန်းနှင့် အခြားသော အခမ်းအနားများ ပြုလုပ်ရန်အတွက်လည်းကောင်း ကြက်ခြေနီရန်ပုံငွေ တိုးပွားစေရန် စရိတ်မျှထောက်ပံ့ငွေတစ်ရပ်အနေ ဖြင့် ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့က ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် လှူဒါန်းငွေကျပ် ၂၅၆၀၀၀၀ နှင့် အလှူ ရှင်များ၏ လှူဒါန်းငွေများကို ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့် အလှူရှင်များက လှူဒါန်းပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၏ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုသည်။
အဆိုပါအဆောက်အအုံသည် အလျား ၆၄ ဒသမ ၃ ပေ၊ အနံ ၈၂ ဒသမ ၃၅ ပေ၊ အမြင့် ၃၁ ဒသမ ၁၆ ပေရှိ RC နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ကျပ်သန်း ပေါင်း ၁၂၇၈ သန်းကျော်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သိုလှောင် ရုံ ၃၀ အနက် အဆင့်မြင့်ကောင်းမွန်သော သိုလှောင်ရုံ နှင့် ဘက်စုံသုံးအဆောက်အအုံတစ်ခုဖြစ်ပြီး နယူး ဇီလန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အဖြစ် တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)



