၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသော POSCO International Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာ တွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Diving Support Vessels, LICHTENSTEIN ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၁.၁၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၄.၃၄၀ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၄၂.၇၅၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၇.၂၀၂ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၂.၇၆၂ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၂၉.၁၅၉ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၉ မိနစ် ၅၁.၁၃၆ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၄ မိနစ် ၀၆.၉၈၈ စက္ကန့် တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက် အမှတ်၊ A-1 ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore Instal-lation Activities လုပ်ငန်းများအား Diving Support Vessels, LICHTENSTEIN ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာများမှ လေးကီလိုမီတာပတ်လည် အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေ များ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာ ခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာ များ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန



