ချူအင်လိုင်းတန်ဆောင်းပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ

 

ပုဂံ ဇူလိုင် ၃


ချူအင်လိုင်းတန်ဆောင်း ပြန်လည် ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို    ယနေ့  နံနက် ၈   နာရီခွဲတွင်   ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ   ရွှေစည်းခုံ စေတီတော်   ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း၌ ကျင်းပသည်။ 

 


အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ   နိုင်ငံတော်ကောင်စီ ဝင်နှင့်      နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊   ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊    မြန်မာနိုင်ငံဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး      မစ္စတာ ချန်းဟိုင်၊ မန္တလေးတိုင်းဒေသကြီး   သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ   အခမ်းအနားတွင်   “တို့ခေါ်မယ် ပေါက်ဖော်”   ရုပ်သံ ဗီဒီယိုကို ပြသသည်။ 

 


တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှု


ထို့နောက်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့      သမ္မတနိုင်ငံ  သံအမတ်ကြီး မစ္စတာ  ချန်းဟိုင်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း သည်  မြန်မာနိုင်ငံသို့   ကိုးကြိမ် လာရောက်ခဲ့ပြီး  မြန်မာနိုင်ငံသို့ ၁၉၆၁ ခုနှစ် က      လာရောက်ခဲ့စဉ်   တန်ဆောင်းဆောက်လုပ်လှူဒါန်း ခဲ့ရာ   တရုတ်-မြန်မာ     ချစ်ကြည် ရင်းနှီးမှုအတွက် အမှတ်သင်္ကေတ တစ်ခု ဖြစ်လာခဲ့ပါကြောင်း၊ ယနေ့   မိမိအနေဖြင့် တန်ဆောင်း အဆင့် မြှင့်တင်ဖွင့်လှစ်သည့်   အခမ်း အနားသို့ တက်ရောက်ခြင်းသည် တရုတ်-မြန်မာ   ချစ်ကြည်ရင်း နှီးမှုကို အမွေဆက်ခံခြင်းဖြစ်ပြီး နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ ၏ ရှင်းလင်းသည့် ရပ်တည်ချက်ကို ထင်ဟပ်စေပါကြောင်း၊  နှစ်နိုင်ငံ  ပူးပေါင်းဆောင်ရွက်မှုများမှ နှစ်နိုင်ငံ ပြည်သူများကို ပိုမိုအကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ယင်းနောက်    နိုင်ငံခြားရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး   ဦးကျော်မျိုးထွဋ်က ယနေ့   မိမိတို့ စုဝေးရောက်ရှိနေကြသည့်   ချူအင် လိုင်းတန်ဆောင်းသည်   မြန်မာ နိုင်ငံနှင့်   တရုတ်နိုင်ငံတို့အကြား တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ထင်ဟပ်ပြသရာ    ရောက်စေပါ ကြောင်း၊  နှစ်နိုင်ငံ   ယဉ်ကျေးမှု  ပူးပေါင်း     ဆောင်ရွက်မှုများမှ တစ်ဆင့် အနာဂတ်မျိုးဆက်သစ် များဆီသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင် ရွက်မှုများကို လက်ဆင့်ကမ်းပေး နိုင်ပြီး တရုတ် - မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ထောင် ရေးဆီသို့ တက်လှမ်းနိုင်မည်ဖြစ် ပါကြောင်း ပြောကြားသည်။ 

 


ထို့နောက် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့သည် မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး ချူအင်လိုင်း တန်ဆောင်းအတွင်း လှည့်လည် ကြည့်ရှုကြကာ  တန်ဆောင်းကို ဖဲကြိုးဖြတ်    ဖွင့်လှစ်ပေးသည်။ ဆက်လက်၍   ရွှေစည်းခုံစေတီ တော်မြတ်အား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။ 

 


ထိုမှတစ်ဆင့်        နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်    နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဝမ်ယိ တို့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ    သဗ္ဗညုဂူဘုရားသို့ သွားရောက်ဖူးမြော်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ အထောက် အပံ့ဖြင့်         ဆောင်ရွက်လျက်ရှိသည့် သဗ္ဗညုဘုရား    ပြုပြင်ရေးစီမံ ကိန်းကို       လှည့်လည်ကြည့်ရှု စစ်ဆေးရာ  စီမံကိန်းနည်းပညာ ပိုင်းဆိုင်ရာ ခေါင်းဆောင် မစ္စတာ လွီယွမ်ပင်း  က    သဗ္ဗညုဘုရား ပြုပြင်ရေး        ဆောင်ရွက်နေမှု   အခြေအနေများကို       ရှင်းလင်း တင်ပြသည်။

 


လေ့လာစစ်တမ်းကောက်ယူ


၂၀၁၆ ခုနှစ် ဩဂုတ်၂၄ ရက် က    လှုပ်ခတ်ခဲ့သည့်  အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ် ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း ၄၂၅ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ   ယဉ်ကျေးမှုအမွေ အနှစ်        ပြည်နယ်စီမံခန့်ခွဲရေး ပူးပေါင်းအလုပ်အမှုဆောင်အဖွဲ့ကို      စေလွှတ်ပြီး     မြန်မာနိုင်ငံမှ ပျက်စီးမှုကြီးမားသည့်   ဘုရား ၂၁ ဆူကို လေ့လာစစ်တမ်းကောက် ယူခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် MoU   ရေးထိုးခဲ့ကြကာ တရုတ်နိုင်ငံ အထောက်အပံ့ဖြင့် သဗ္ဗညုဘုရား ပြုပြင်ရေးစီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။                  

 

သတင်းစဉ်