လန်ချန်း - မဲခေါင် ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မက္ကဒေးမီးယား ပျိုးပင်များနှင့် စက်ပစ္စည်းကိရိယာများ တောင်သူများသို့ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဇူလိုင်  ၃ 


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာ အောင်ကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင် ၁ ရက်    နံနက်ပိုင်းက   မြစ်ကြီးနားမြို့ နောင်နန်းရော်ဘာခြံတွင်    လန်ချန်း - မဲခေါင်   ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်   မက္ကဒေးမီးယား  ပျိုးပင်များနှင့် စက်ပစ္စည်းကိရိယာများ တောင်သူများသို့ ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်သည်။ 

 


အခမ်းအနားတွင်    ဒုတိယဝန်ကြီးက    ကချင်ပြည်နယ်သည်   တောတောင်ရေမြေသဘာဝမြစ်ချောင်းများနှင့်  ပြည့်စုံပြီး  သာယာလှပ သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ မြေဆီမြေနှစ်၊ မြေသြဇာများ ပြည့်ဝသည့်   စိုက်ပျိုးမြေများရှိသလို တိုးချဲ့စိုက်ပျိုးရန် ကျန်နေသေးသည့် မြေလွတ်မြေရိုင်းများလည်းရှိကြောင်း၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အပြင် သီးနှံအသစ်များဖြစ်သည့် မက္ကဒေးမီးယား၊ ကော်ဖီ၊ လက်ဖက် များကိုလည်း အောင်မြင် စွာ   တိုးချဲ့စိုက်ပျိုးနိုင်သည့်  ပြည်နယ်တစ်ခုဖြစ် ကြောင်း၊ ယခုလို အမယ်သစ်သီးနှံဖြစ်သည့် မက္ကဒေး မီးယားပျိုးပင်နှင့် မက္ကဒေးမီးယား ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများ ထောက်ပံ့ပေးအပ် ခြင်းသည် ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိသည့် အခွင့် အလမ်းတစ်ခုဖြစ်ပြီး၊ ရရှိတဲ့တောင်သူ များနေဖြင့်   အကျိုးရှိရှိအသုံးချကာ ပြည်နယ်၏  အားထားရသည့် သီးနှံတစ်ခုဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက် ကြရန် ပြောကြားသည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မက္ကဒေးမီးယားပျိုးပင်များကို    အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်နှင့်  လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် အကြံဉာဏ်များအား  စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ကြရန်၊ စိုက်ပျိုး ရေး   ဦးစီးဌာနအနေဖြင့်   ခရိုင်၊   မြို့နယ်အလိုက် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားကြရန် မှာကြား သည်။ ထို့နောက်   မက္ကဒေးမီးယားပျိုးပင်  ၁၄၈၂၀နှင့် အသီးခူးဧက  ၁၇ ဧကအတွက် အခွံမာခွဲကိရိယာ နှစ်လုံး၊ အခွံစိမ်းနွှာစက် တစ်လုံး တို့အား တောင်သူများထံ‌   ပေးအပ်ခဲ့ပြီး  တက်ရောက်လာကြသော‌ တောင်သူတစ်ဦးက  ကျေးဇူးတင်စကား  ပြောကြားသည်။  ထို့နောက်  မြစ်ကြီးနားပိုးစာခြံသို့ ရောက်ရှိပြီး ဒေသအတွင်း ပိုးစာတောင်သူများကို အထွက်ကောင်း ပိုးစာမျိုးသန့်များ  ဖြန့်ဖြူးပေးရန်၊   သိပ္ပံနည်းကျ စိုက်ပျိုးထိန်းသိမ်းခြင်း၊  မွေးမြူထုတ်လုပ်ခြင်းနည်းပညာများ ဖြန့်ဖြူး ပေးခြင်း၊ ပိုးစာနှင့် ဆက်စပ်လုပ်ငန်းများမှ  ဒေသအတွင်း  ပြည်သူများ  အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် မှာကြားသည်။

 


ယင်းနောက် စူပါဝမ်း နို့စားနွား မွေးမြူရေးခြံနှင့် ချမ် နို့စားနွား မွေးမြူရေးခြံတို့ကို ရောက်ရှိပြီး နို့ထွက် နှုန်းကောင်းမွန်သော နို့စားနွား မျိုးကောင်းမျိုးသန့်များ ပိုမိုဖြစ်ထွန်းမွေးမြူနိုင်ရေးအတွက် လိုအပ်သော နည်းပညာနှင့် သွင်းအားစုများဖြစ်သည့် စနစ်တကျ မေထုန်မဲ့ သားစပ် လုပ်ငန်းများ၊ မွေးမြူသူတောင်သူများ အကျိုးအမြတ်ရရှိရေး  စျေးကွက် လိုအပ်ချက်နှင့်အညီ  နို့နှင့်နို့ထွက်ပစ္စည်း   တိုးမြှင့်ထုတ်လုပ်နိုင်ရေး အဓိကထား လုပ်ဆောင်ကြရန် မှာကြားသည်။ 

 


ဆက်လက်၍   ဒုတိယဝန်ကြီးနှင့်   အဖွဲ့သည် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ဝါရှောင်ရေလွှဲဆည် သို့ရောက်ရှိပြီး ကချင်ပြည်နယ် အတွင်း ရေအသုံးချသူများအဖွဲ့ (WUG) နှင့်  ရေအသုံးချသူများ အသင်း (WUA) များ  ဖွဲ့စည်းနိုင်ရေးနှင့် ဖွဲ့စည်းပြီးအသင်းအဖွဲ့များအား ပိုမို အားကောင်းလာစေရေး   ဆက်လက်ဆောင်ရွက်ရန်နှင့်   စိုက်ပျိုးရေ လုံလောက်စွာပေးဝေ နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်