မိုင်းဖြတ်မြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ရေးအသိပညာပေးပြီး ကာကွယ်ဆေးများ ထိုးနှံပေး

 

မိုင်းဖြတ်  ဇူလိုင်  ၂


ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ခွေးရူးရောဂါကာကွယ်ရေး   အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဇူလိုင် ၁ ရက် က ဝမ်ဟွေရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

 


မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာထွန်းဇော်ဝင်းက ခွေးရူး ရောဂါဖြစ်တတ်သည့် လက္ခဏာများ၊ ခွေးရူး ရောဂါအကြောင်း သိကောင်းစရာများ၊ ခွေးများ တွင်  ခွေးရူးရောဂါကာကွယ်ဆေး  ထိုးနှံခြင်း သည် လူ့အသက်များစွာကို ကယ်တင်နေခြင်း ဖြစ်ကြောင်း၊ ခွေးမွေးမြူသူများ သိရှိလိုက်နာ ရမည့် စည်းမျဉ်းစဉ်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေး၍ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းက အိမ်မွေးခွေးများကို ခြံလှောင် စနှစ်ဖြင့် စနစ်တကျမွေးမြူရေး၊ မွေးမြူမည့် ခွေးကောင်ရေစာရင်း ပြုစုသတင်းပေးပို့ကြရန် နှင့် ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံထားရှိကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ 

 


ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက် လာသူများကို အသိပညာပေး   လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဝမ်ဟွေရပ်ကွက် အတွင်းရှိ      ခွေးမွေးမြူထားရှိသူများ   စာရင်း ကောက်ခံ၍ ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံ ပေးခဲ့ရာတွင်  အိမ်ထောင်စု  ၁၀  စုရှိ   ခွေး ကောင်းရေ  ၁၂  ကောင်ကို   ခွေးရူးရောဂါ ကာကွယ်ဆေး    ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍ ရပ်ကွက်အလိုက် အသိပညာ ပေးခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရှောလမွန် (မိုင်းဖြတ်)