ရန်ကင်း ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာနိုင်ငံ စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူနှင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကို ဇူလိုင် ၁ ရက်က ပြုလုပ်သည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်သည့်ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ မြမဉ္ဇူက မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာ အမျိုးသမီးများ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်စည်းကမ်းများ၊ ယနေ့ခေတ် မြန်မာအမျိုးသမီးများရင်ဆိုင်နေရသည့် အကြမ်းဖက်မှုများ၊ အိမ်ထောင်သည်အမျိုးသမီးများ ရင်ဆိုင်နေရသည့် အိမ်တွင်းအကြမ်း ဖက်မှုနှင့် အိမ်ထောင်မကျသေးသည့် မိန်းမပျိုလေးများအပေါ် အကြမ်း ဖက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အိရွှေစင် (ပြန်/ဆက်)



