မုံရွာ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တာဝန်ရှိသူများ နှင့်အတူ မုံရွာခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း များကို ဇွန် ၂၉ ရက်က ကွင်းဆင်းကြည့်ရှုသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မုံရွာမြို့နယ် ခံတောကျေးရွာရှိ ဆင်းရွှေကြာ (၂) နေကြာနှင့် ရေဆင်း ၁၄ ပဲတီစိမ်း သီးညှပ်စိုက်ပျိုးခြင်း စံပြကွက် ကို သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းလှိုင်ဦးက နေကြာနှင့် ပဲတီစိမ်းသီးညှပ်စိုက်ပျိုးခြင်းနှင့် မိုးနေကြာများ ကျေးရွာအုပ်စုအလိုက် စိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့နယ်အနေဖြင့် မိုးနေကြာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး မှာကြား သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ ဥကပ်ပါးနကျယ် မွေးမြူရေးဓာတ်ခွဲခန်းမှ ဆန်ထွေးပိုးမွေးမြူခန်းနှင့် ဥကပ်ပါးနကျယ် မွေးမြူထုတ်လုပ်မှုအဆင့်ဆင့်ကို လည်းကောင်း၊ Home Garden စိုက်ခင်းအောင်မြင် ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ မှိုမျိုးစုံ-မျိုးစေ့နှင့် စိုက်ထုတ်သုတေသနပြုစမ်းသပ်ခန်းတွင် မှိုမျိုးစုံ မျိုးစေ့ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးသို့သွားရောက်ပြီး ပြခန်းတွင်ပြသထား သော မျိုးကောင်းမျိုးသန့်များ၊ သဘာဝမြေသြဇာများ၊ သွင်းအားစုများကို လိုက်လံကြည့်ရှုအားပေးကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ တောင်သူ ပညာပေး ICT Studio အခန်းကိုလည်း ကြည့်ရှု စစ်ဆေးခဲ့သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)



