သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက ဆောင်ရွက်

 

နေပြည်တော်    ဇူလိုင်   ၂


ယခုအချိန်အခါတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးက  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြ ပြီး  အပတ်စဉ်  စနေနေ့တိုင်းတွင်လည်း  မိမိတို့၏ မြို့၊   ရွာဒေသများ     သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်လျက်ရှိကြသည်။

 


ထိုသို့      ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ် ရှစ်မြို့နယ်တို့၌လည်းကောင်း၊ ကချင်ပြည်နယ်    မြစ်ကြီးနားမြို့နယ်အပါအတွင် မြို့နယ်လေးမြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)   လဲချားမြို့နှင့်   ခိုလမ်မြို့တို့၌ လည်း ကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အပါအဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အပါအဝင် မြို့နယ် လေးမြို့နယ်နှင့်   ကရင်ပြည်နယ် ဘားအံမြို့နယ် အပါအဝင် မြို့နယ် နှစ်မြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိမြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်း ခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိမြို့နယ် ကိုးမြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်  စစ်တွေမြို့အပါအဝင်   မြို့နယ်  ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ လည်း ကောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး     မုံရွာမြို့နှင့် ကလေးမြို့၊    မကွေးတိုင်းဒေသကြီး  ပေါက်မြို့နှင့် ချင်းပြည်နယ်    မင်းတပ်မြို့တို့၌   လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး   ချမ်းမြသာစည်မြို့နယ် အပါအဝင် မြို့နယ် ခုနစ်မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ်  သံတောင်ကြီးမြို့တို့၌ လည်းကောင်း၊  ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာအဆောက်အဦ များ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများ နှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ် ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့်      ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

 


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်    ပြည်နယ်များမှ   ဝန်ကြီးချုပ် များ၊   တိုင်းစစ်ဌာနချုပ်အသီးသီးမှ  တိုင်းမှူးများနှင့် တာဝန်ရှိသူများက      လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ     ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်