အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့ ဖြစ်သည့်အတွက် အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်းကြေညာ

 

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် (၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်) တနင်္ဂနွေနေ့သည် “အီဒုလ် အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့” ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေ ပုဒ်မ ၂၅ အရ အများ ပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁၁၇/၂၀၂၂  ဇူလိုင် ၂  ရက်စွဲဖြင့် ကြေညာထားသည်။