ကော်ဖီမြို့တော် ပြင်ဦးလွင်ဖြစ်စေရန် အထောက်အပံ့ပြုမည့် ပြင်ဦးလွင် ကော်ဖီဥယျာဉ် ပွေးတောင်

Type
99

 

ရွှေယွန်း

 

နေ့စဉ်လူမှုဘဝ၌  ရုန်းကန်လှုပ်ရှားမှုအကြား မောပန်းလာသည့်အခါ အေးချမ်းသာယာသည့် နေရာများတွင် အပန်းဖြေအနားယူလိုကြသည်။ အေးချမ်းမှုဖြင့် အနားယူရင်း  ခါးဆိမ့်သော ကော်ဖီတစ်ခွက်သောက်ရင်း ပင်ပန်းမှုကို ဖြေလျှော့လိုကြသည်။  ထိုကဲ့သို့  ခရီးသွားရင်း ကော်ဖီရနံ့ဖြင့် အပန်းဖြေနိုင်ရန်အတွက် ခရီးသွားမြို့တော် ပြင်ဦးလွင်ကို ကော်ဖီမြို့တော်ပါ ဖြစ်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေပြီဖြစ်သည်။ 

 

ခရီးသွားမြို့တော်အဖြစ်ထင်ရှား


ပြင်ဦးလွင်မြို့သည် မြို့၏ သဘာဝအလှအပနှင့် အေးချမ်းသည့်  ရာသီဥတုကြောင့် ခရီးသွားမြို့တော် တစ်ခုအဖြစ် ပြည်တွင်းပြည်ပ ခရီးသွားများအကြား ထင်ရှားပြီးဖြစ်သည်။   ထိုသို့   ခရီးသွားများအကြား ထင်ရှားသည့်   ပြင်ဦးလွင်ဒေသသည်   ကော်ဖီစိုက် ဒေသတစ်ခုဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် ကော်ဖီ စိုက်ဧက ၁၀၀၀၀ ခန့်ရှိပြီး ပြင်ဦးလွင်ကော်ဖီသည် ဈေးကွက်အတွင်း        နာမည်ရရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကော်ဖီမြို့တော် ပြင်ဦးလွင်အဖြစ်  ပိုမို ထင်ရှားစေရန်    ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်) ကို ပြင်ဦးလွင်ကော်ဖီဥယျာဉ်  (Pyin Oo Lwin Coffee Park)  အဖြစ်   အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။

 


“ကော်ဖီဥယျာဉ်ကိုလာလည်ရင်း       ဒေသရဲ့ သဘာဝအလှအပကို ခံစားတာအပြင် ဒေသထွက် ကော်ဖီကို သောက်သုံးရင်း ခရီးသွားတွေကို အပန်းဖြေ လန်းဆန်းမှု   ပေးချင်တာဖြစ်ပါတယ်။    တစ်ဖက် ကလည်း   ပြင်ဦးလွင်ကော်ဖီဆိုတာ    နိုင်ငံတကာ အဆင့်အတန်းမီပြီးတော့  ကမ္ဘာ့ဈေးကွက်မှာ နေရာ ရရှိပြီးဖြစ်တဲ့အတွက် ရရှိပြီးသားနေရာကို   ရေရှည် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ချင်တာဖြစ်ပါတယ်။ ကော်ဖီစိုက်ပျိုးရေးကို အခြေခံတဲ့ ခရီးသွားလည်ပတ် စရာနေရာတစ်ခုအဖြစ်    ဆောင်ရွက်ချင်ပါတယ်။  ဒါကြောင့်    ခရီးသွားဒေသအဖြစ်၊     ကော်ဖီမြို့တော် အဖြစ်   ဖြစ်လာစေချင်တာကြောင့် ဥယျာဉ်ထဲမှာ သဘာဝ အလှအပခံစားနိုင်အောင်၊   ကော်ဖီယဉ်ကျေးမှု ကို လေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန   ကော်ဖီ - ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

 


၃၈၆ ဒသမ ၃ ဧက ကျယ်ဝန်း


ယခု ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) အဖြစ် တည်ဆောက်နေသော ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) သည် မန္တလေး တိုင်းဒေသကြီး   ပြင်ဦးလွင်မြို့  မန္တလေး-လားရှိုး ကားလမ်းမကြီးဘေးတွင်  တည်ရှိသည်။    ဧရိယာ အားဖြင့် ၃၈၆  ဒသမ  ၃  ဧကကျယ်ဝန်းပြီး မြန်မာ့ ကော်ဖီကို   ကမ္ဘာကသိလာစေရန်   အထောက်အပံ့ များစွာ ပြုနိုင်ခဲ့သည့် ကော်ဖီခြံတစ်ခု ဖြစ်သည်။  

 


“လက်ရှိမှာ ပွေးတောင်ကော်ဖီခြံကို  ပြင်ဦးလွင် ကော်ဖီဥယျာဉ်အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စဉ်မှာ Coffee Knowledge Center လည်း ပါဝင်တဲ့ အတွက် မြေပြင်မှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်ရှိတဲ့  (Farm to Cup) အဆင့်အထိ   ပညာပေးဆောင်ရွက်မယ့်   လုပ်ငန်းစဉ် တွေ၊ မြန်မာ့ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီ သမိုင်းတွေ၊ ပန်းချီတွေ၊ သမိုင်းဝင်ဓာတ်ပုံတွေနဲ့ ခင်းကျင်းပြသ ထားမှာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက စိုက်ပျိုး ထွက်ရှိတဲ့  ကော်ဖီတွေကို  Coffee  Knowledge Center မှာ ခင်းကျင်းပြသပြီး တစ်နေရာတည်းမှာ ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်လို့    ရောင်းသူ ဝယ်သူ  နှစ်ဦးစလုံး   အကျိုးရှိမှာဖြစ်ပါတယ်”    ဟု မြန်မာနိုင်ငံကော်ဖီအသင်း၏     နာယကတစ်ဦး ဖြစ်သည့် ဦးရဲမြင့်က ပြောကြားသည်။

 


ကမ္ဘာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဆောင်ရွက်လျက်ရှိ


လက်ရှိအချိန်တွင် ပြင်ဦးလွင်ကော်ဖီဥယျာဉ်၌  ပြင်ဦးလွင်မြို့ကို   ကော်ဖီမြို့တော်အဖြစ်     ပိုမို ထင်ရှားစေရန်၊     မြန်မာ့ကော်ဖီအရည်အသွေး  ပိုမိုမြင့်မားလာ၍  ထုတ်လုပ်မှုပမာဏ   တိုးတက် လာပြီးကမ္ဘာ့ဈေးကွက်သို့     ပိုမိုထိုးဖောက်နိုင်ရန် အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု  လုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊   မျိုးစေ့ပျိုးပင်   ပျိုးထောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊  သုတေသနနှင့်  ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို     ဆောင်ရွက်လျက် ရှိသည်။

 


ထို့ပြင်   ချင်းပြည်နယ်   ရိခေါဒါရ်မြို့၊     ကရင် ပြည်နယ်  သံတောင်မြို့၊  ရှမ်းပြည်နယ်  နောင်ချို၊ ဟိုပုံး နှင့် ပင်းတယမြို့နယ်မှ အသေးစားကော်ဖီစိုက် တောင်သူအစု အဖွဲ့ငယ်များပါဝင်သော သင်တန်းသား ၄၈ ဦးကို ပြီးခဲ့သည့် ဧပြီလအတွင်း ရက်တိုသင်တန်း ဖွင့်လှစ်ကာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းပို့ချပေးနိုင်ခဲ့အပြင်      ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု     လုပ်ငန်းသုံးကိရိယာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီး     မန္တလေးကော်ဖီအုပ်စု၏ စက်ရုံများသို့  လေ့လာရေးခရီး ပို့ဆောင်ပေးနိုင်ခဲ့သည်။

 


ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ် အကောင်အထည်ဖော်လျက်ရှိ


ကော်ဖီအပန်းဖြေဥယျာဉ်အဖြစ်      ခြံအဆင့် မြှင့်တင်ရေးဆောင်ရွက်ရာတွင် ကော်ဖီနှင့်ပတ်သက် သော အသိပညာများ ပိုမိုလွယ်ကူစွာ ပြန့်ပွားရေးနှင့် တစ်နေရာတည်းတွင် လွယ်ကူလျင်မြန်စွာ ရောင်းဝယ် ဖောက်ကားနိုင်သော  ကော်ဖီဈေးကွက်တစ်ခုအား ဆောင်ရွက်ပေးသည့်လုပ်ငန်း၊     သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင်ကို   မပျက်စီးစေနိုင်သော      အနားယူ အပန်းဖြေရေးလုပ်ငန်းဖြစ်လာစေရန်   စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့်     စီမံအကောင်အထည်ဖော် လျက်ရှိသည်။

 


“ကော်ဖီစိုက်ပျိုးရေးကို  အခြေခံတဲ့ ခရီးသွား လည်ပတ်စရာနေရာအဖြစ်  ရည်ရွယ်ပြီး ဆောင်ရွက် နေတာဖြစ်တဲ့အတွက် ခြံထဲမှာ လည်ပတ်လို့ ရမယ်။ ဒီလိုလည်ပတ်ရင်း သဘာဝအလှကို ခံစားနိုင်မယ်။ ကော်ဖီစိုက်ပျိုးရေးကို    လေ့လာနိုင်မယ်။    ဒီလို လည်ပတ်လေ့လာတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့လည်း       စီစဉ်ဆောင်ရွက်ရပါတယ်။ ပြည်တွင်းပြည်ပခရီးသွားတွေက သဘာဝအလှအပ ကိုပဲ   နှစ်သက်ကြပါတယ်။   ဒါကြောင့် ဒီအလှနဲ့ ကော်ဖီကို   တွဲဖက်ထားလို့ရမယ့်     ကော်ဖီဆိုင်၊ ဒေသထွက် သစ်သီးဝလံ ပန်းမန်အရောင်းဆိုင်တွေ  ပါရှိမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။

 


ကော်ဖီဥယျာဉ်တွင်   ပြင်ဦးလွင်    ဒေသထွက် ရာသီပေါ်ပန်းမန်နှင့် သစ်သီးဝလံ၊  ပျိုးပင်အရောင်း ဆိုင်များ   ပါဝင်မည့်အပြင်   ကော်ဖီဥယျာဉ်အတွင်း သဘာဝရေထွက်၊  တမံငယ်၊ စမ်းချောင်းများ၊ ရွှံ့ညွန် တောလျှောက်တံတား၊     ခြံအတွင်းလျှောက်လမ်း၊ နှစ်ပေါင်း  ၁၀၀ ကျော်   သက်တမ်းရှိပြီဖြစ်သော သက်တမ်းရင့်   ညောင်မုတ်ဆိတ်ပင်၊    ဆပ်သွား ဖူးတော စသည့် နေရာများကိုပါ လည်ပတ်အပန်းဖြေ နိုင်မည်ဖြစ်သည်။

 


မကြာမီဖွင့်လှစ်နိုင်ရန် စီစဉ်


ပြင်ဦးလွင်ကော်ဖီဥယျာဉ်၏  Soft Opening ကို ၂၀၂၂  ခုနှစ် မေ ၂၈ ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကာ Grand Opening ကို မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ 

 


ပြင်ဦးလွင် ကော်ဖီဥယျာဉ်ကို နံနက် ၈ နာရီမှ ညနေ   ၅  နာရီအထိ သတ်မှတ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ သိရသည်။

 


စိုက်ပျိုးရေးဦးစီးဌာနသည် ကော်ဖီဥယျာဉ်တွင် မွှေးရနံ့နှင့်ပတ်သက်၍   ထူးခြားသော   မြေနိမ့် ကော်ဖီမျိုးဖြစ်သည့်    သက်တမ်းရင့်   လိုက်ဘေး ရီးကား ကော်ဖီညီနောင်နှင့်  ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုး ဆယ်မျိုး၏ မျိုးအလိုက် မျိုးထိန်းစိုက်ကွက်များ  တည်ထောင်ခြင်း၊  ကော်ဖီ ထုတ်လုပ်မှု   လုပ်ငန်းစဉ်တစ်လျှောက်    အသုံးပြု သော စက်ကိရိယာများ (Coffee Processing Plant) ကို   ခင်းကျင်းပြသခြင်း၊   ကော်ဖီနှင့် ပတ်သက်၍ လေ့လာနိုင်မည့်  Information  Center ၊  Coffee Knowledge   Center ၊   မုခ်ဦးနှင့်    ကားပါကင် ဆောက်လုပ်ခြင်း၊ ခြံအတွင်း ပတ်လမ်းဖောက်လုပ် ခြင်း၊   ခြံစည်းရိုးကာရံခြင်းနှင့်     ကော်ဖီဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး         တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

 


တစ်နေရာတည်းတွင် 
ရောင်းဝယ်ဖောက်ကားနိုင်မည်


ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ    (ပွေးတောင်) အား   ယခုကဲ့သို့   ကော်ဖီအပန်းဖြေ ဥယျာဉ်အဖြစ် ပြောင်းလဲဖော်ဆောင်နိုင်ခြင်းအားဖြင့်       မြန်မာ့ ကော်ဖီသမိုင်း၊ ကမ္ဘာ့ကော်ဖီသမိုင်း၊ ပြည်သူအများ မသိရှိသေးသော ကော်ဖီသီးနှံ၏ သဘောသဘာဝ များ၊ သတင်းအချက်အလက်များအား  အခြေခံ၍     မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကော်ဖီထွက်ကုန်များအား        ဈေးနှုန်းမှန်ကန်၊ မြန်ဆန်စွာဖြင့်  တစ်နေရာတည်း တွင်     ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းကို    ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

 


ထို့အပြင်    ပြင်ဦးလွင်ဒေသထွက်      ကော်ဖီ ထုတ်ကုန်အမျိုးမျိုး၊    ကော်ဖီနှင့်ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုသိရှိလေ့လာနိုင်ခြင်း တို့ဖြင့် အများပြည်သူအနားယူအပန်းဖြေရင်း အသိ ပညာတိုးပွား    ရရှိမည်ဖြစ်သကဲ့သို့ ခြံအတွင်းရှိ သဘာဝအရင်းအမြစ်များကို       စနစ်တကျပြုစု ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ပြင်ဦးလွင်မြို့၏ ဂေဟစနစ်ကို   ထောက်ကူပေးခြင်းနှင့်    သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းပေးခြင်း   စသည့်အကျိုး ကျေးဇူးများကိုပါ      ရရှိနိုင်စေမည်ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။      ။