နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆင့်မြင့်နည်းပညာပေး စံပြစိုက်ကွင်းများ ထူထောင်ဆောင်ရွက်မည်

 

နေပြည်တော်   ဇူလိုင်   ၂


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးသည်  ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆင့်မြင့်နည်းပညာပေး      စံပြစိုက်ကွင်းများ ထူထောင်ဆောင်ရွက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။

 


ဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများသည်   ဇေယျာသီရိမြို့နယ်   သစ်တပ် ကျေးရွာတွင်   ပိုက်ဆံလျှော်ကို  သစ်စိမ်းမြေဩဇာ အဖြစ်    အသုံးပြုစိုက်ပျိုးထားသော    မိုးစပါးဧက (၁၀၀) နှင့်   လယ်ဝေးမြို့နယ်ရှိ သီးနှံစိုက်ကွင်းများသို့   ရောက်ရှိကြရာ တာဝန်ရှိသူများက နေပြည်တော်   ကောင်စီနယ်မြေအတွင်း     ရာသီအလိုက်    သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့်  ရေရရှိရေး နည်းလမ်းမျိုးစုံ     အသုံးပြု၍ သီးထပ်ဧရိယာ တိုးတက်ရေး ဆောင်ရွက် နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးနှင့်     မွေးမြူရေးကို     အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်လျက်ရှိသကဲ့သို့  စိုက်ပျိုးမြေတစ်ဧကချင်း၏       ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးကိုလည်း မျက်ခြည်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း၊     ရေမြေအခြေအနေပေးသည့် စိုက်ပျိုးမြေများအားလုံး   တစ်နှစ်သုံးသီး  စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ သီးနှံထွက်ရှိမှု ပမာဏနှင့် အရည် အသွေး ကောင်းမွန်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများနှင့်အတူ စိုက်ပျိုးရေ ခြွေတာနိုင်ရန် နှင့်  သွင်းအားစုများ  စနစ်တကျသုံးစွဲရန်တို့ကိုပါ အသိပညာပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 


နေပြည်တော်ကောင်စီနယ်မြေ ၌   ၂၀၂၁-၂၀၂၂   ခုနှစ်အတွင်း မိုးစပါးဧက  ၁၇၀၀၀၀  ကျော်၊ နွေစပါး ဧက ၂၈၀၀၀ခန့်နှင့်  သီးနှံစုံဧက   ၃၂၀၀၀၀  ကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း၊        မြေဆီမြေနှစ် ကောင်းမွန်ပြီး ရာသီဥတုသင့်တင့်မျှတသည့် ဒေသ တစ်ခုဖြစ်၍  တစ်နှစ်သုံးသီး  စိုက်ပျိုးရန်  အလား အလာကောင်း များစွာရှိနေသကဲ့သို့ ဦးစီးဌာန ရုံးချုပ် များ၊  သုတေသနဌာနများရှိနေသဖြင့်   ပညာရှင်  အရင်းအမြစ်များလည်း       ပြည့်စုံလျက်ရှိနေရာ အဆင့်မြင့်နည်းပညာပေး      စံပြစိုက်ကွင်းများ  ထူထောင်ပြီး ဒေသခံတောင်သူများနှင့်   တိုင်းဒေသ ကြီးနှင့်  ပြည်နယ်အသီးသီးရှိ   တောင်သူလယ်သမား များ၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များ လေ့လာ နိုင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                                        

သတင်းစဉ်