နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနား ကျင်းပ

 

နေပြည်တော်   ဇူလိုင်    ၂


နှစ် (၁၀၀) ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆) ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့မှ    ပါမောက္ခချုပ်များ၊  သမဝါယမ ကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့မှ ကျောင်းအုပ် ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်     သမဝါယမအသင်းစုချုပ်      ဥက္ကဋ္ဌများ၊ သမဝါယမအသင်းသားများ၊      ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အသိပညာပေးမှု တိုးမြှင့်လုပ်ဆောင်


အခမ်းအနားတွင်      ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (Inter-national Co-operative Alliance-ICA) ကို ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၂၃ ခုနှစ်မှစတင်၍ အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပ လာခဲ့သည်မှာ နှစ် (၁၀၀) တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၇  ရက်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏    အဖွဲ့ဝင်အဖြစ်     စတင် ဝင်ရောက်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက နှစ်စဉ် ဇူလိုင်လ ပထမ ပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အဖြစ်  သတ်မှတ်ခဲ့ပြီး  နှစ်စဉ်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို      သမဝါယမများအကြောင်း အသိပညာပေးမှုကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် နိုင်ငံ တကာစည်းလုံးညီညွတ်ရေး      ရည်မှန်းလှုပ်ရှား ဆောင်ရွက်မှု၊ အချိန်တိုအတွင်း စီးပွားရေးအကျိုး ဖြစ်ထွန်းမှု၊ တန်းတူညီမျှမှုနှင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာဝ ပြောမှုများကို အားပေးမြှင့်တင်ရန်ရည်ရွယ် ပြီး ကမ္ဘာတစ်ဝန်း ကျင်းပခြင်းဖြစ်ကြောင်း။ 

 


အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး


ကမ္ဘာ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းကျော်၊ တစ်နည်း အားဖြင့်  ကမ္ဘာ့လူဦးရေ သန်း ၂၈၀ ကျော်ကို ကမ္ဘာ့ သမဝါယမအသင်းများက     အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ သမဝါယမများ သည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခြင်း၊    သဘာဝပတ်ဝန်းကျင်ဆိုင်ရာ   ပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို ထိန်းသိမ်းကာကွယ် ပေးခြင်း၊ အလုပ်အကိုင်ကောင်းများ ဖော်ဆောင်ပေး ခြင်း၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် ဖူလုံစေရေး အတွက် အကူအညီအထောက်အပံ့ပေးခြင်း၊ ဒေသ ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးခြင်း၊    လူ့ကျင့်ဝတ်     စံတန်ဖိုးများကို ပျိုးထောင်ပေးခြင်း၊ အများပြည်သူများ၏ ရုပ်ပိုင်း ဆိုင်ရာ     လိုအပ်ချက်များနှင့်     ဘေးကင်းလုံခြုံမှု တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် စစ်မှန်သည့် ငြိမ်းချမ်းမှုကို အထောက်အကူပြုနိုင်ခြင်း စသည်တို့ကို အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း။

 


သမဝါယမဦးစီးဌာနသည် ပြည်သူတို့၏ လူမှု စီးပွားအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan (၈)ရပ် ချမှတ်ပြီး ယနေ့ထိ သမဝါယမအသင်း ပေါင်း ၃၉၃၉၉ သင်း    ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်သူများ၏   လူမှုစီးပွားဘဝ   မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အတွက်    အမှန်တကယ်   အလုပ်လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် စိတ်ဝင်စားသူများကို စည်းရုံး ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း။

 


သမဝါယမလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်   ဦးစီးဌာနအချင်းချင်းသော်   လည်း ကောင်း၊    သမဝါယမဦးစီးဌာနနှင့်     အသင်းများ အချင်းချင်းသော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းကာ လုပ်ငန်းများ     အောင်မြင်မှုရှိစေရန်    သမဝါယမ အခြေခံမူများ၊   ကျင့်ဝတ်နှင့်    အနှစ်သာရများကို လိုက်နာကျင့်သုံး   ဆောင်ရွက်ကြရန်   ပြောကြားလိုကြောင်း။

    
သမဝါယမပုံရိပ်ကို ပြန်လည်မြှင့်တင်


၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives Build a Better World”    (ကမ္ဘာ့လောက     ပိုမိုကောင်းမွန်ရေး သမဝါယမများက     တည်ဆောက်ပေး)ဆိုသည့် အတိုင်း နိုင်ငံတကာသမဝါယမများက မျှဝေခံစား တတ်သည့်  လူ့ကျင့်ဝတ်   ဂုဏ်သိက္ခာ   စံတန်ဖိုး များအပေါ်   အခြေတည်ထားသည့် အခြေခံမူများ အတိုင်း   လိုက်နာကျင့်သုံး   ကြိုးစားအားထုတ် လုပ်ကိုင်နေချိန်တွင် မြန်မာ့သမဝါယမများကလည်း သမဝါယမပုံရိပ်ကို ပြန်လည်မြှင့်တင်ပေးရန် လိုအပ် ပါကြောင်း တိုက်တွန်းပြောကြားသည်။

 


ဆက်လက်၍   ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးအောင်ဖြူက ဗဟိုသမဝါယမအသင်းမှ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ   ပေးပို့သောသဝဏ်လွှာကို  ဗဟိုသမဝါယမ အသင်းလီမိတက်၊  ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ တိုးနန္ဒာတင်က ဖတ်ကြားခဲ့ပြီး  အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဂုဏ်ပြုမှတ်တမ်းတင်  Video  Clip ကို    ပြသသည်။   ယင်းနောက်   အခမ်းအနားသို့ တက်ရောက် လာသော ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဧည့်ပရိသတ်အပေါင်းတို့က   အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့     အထိမ်းအမှတ်    ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်