ခရမ်းရေထိန်းတံခါးကြောင့် စိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မည်

 

သန်လျင်   ဇူလိုင်   ၂ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံး ချမှု    စီမံခန့်ခွဲရေးဦးစီးဌာနက  တည် ဆောက်       အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် သန်လျင်မြို့နယ် ချောင်းဝရွာဟောင်းအနီးရှိ    ခရမ်း ရေထိန်းတံခါးကြီးသည် သန်လျင်၊ သုံးခွ နှင့်    ခရမ်းမြို့နယ်    ရေကြီးရေလွှမ်း ကွင်းများအတွင်းရှိ   စိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်မည့် အပြင် နွေရာသီတွင် နွေစပါးနှင့် အခြား စိုက်ပျိုးသီးနှံများအတွက်         ရေချို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး   စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုဖြစ်ထွန်း လာကာ   ဒေသခံတောင်သူတို့အတွက် အကျိုးပြုလျက်ရှိသည့် ရေထိန်းတံခါး ကြီးတစ်ခုလည်း ဖြစ်သည်။

 


ခရမ်းရေထိန်းတံခါးကြီးသည် သံကူ ကွန်ကရစ်      ရေထိန်းတံခါးဖြစ်ပြီး ရေတံခါးအရွယ်အစားမှာ    အကျယ် ခြောက်ပေ၊   အမြင့်   ၁၆  ပေ ၊  ရေဝင် ရေထွက်အပေါက် ၄၀ ပါရှိပြီး ရေဆင်းဧရိ ယာ ၁၄၂ စတုရန်းမိုင်၊ ရေဝင်မြောင်းကြီး မှာ အလျား ပေ ၂၀၀၀ ၊ ရေထွက်မြောင်း ကြီးမှာ အလျား ပေ ၁၆၀၀ ရှိပြီး အကျိုးပြု ရေထုတ်နုတ်နိုင်သည့် ဧရိယာမှာ၂၃၁၇၆ ဧကရှိကြောင်း   ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦး၏   ပြောကြားချက်အရ သိရသည်။ 


သန်းဝင်း (သန်လျင်)