မုံရွာ ဇူလိုင် ၁
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇွန် ၂၉ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံ့လက်ရွေးစင် ပိုက်ကျော် ခြင်း အားကစားသမားများကို စစ်ကိုင်း တိုင်းဒေသကြီးမှ မွေးထုတ်ပေးလျက်ရှိပြီး အားကစားသမားများအနေဖြင့် အောင်မြင်မှု အစဉ်အလာကို ဆက်လက်ထိန်းသိမ်း၍ ယခု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် ကြိုးစားရန်နှင့် နိုင်ငံတော် က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားများဖြစ်အောင် ရည်မှန်းချက် ထားပြီး ယှဉ်ပြိုင်သွားကြရန် မှာကြားလို ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အဖွဲ့ခေါင်းဆောင် စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးကိုကိုက ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ပိုက်ကျော်ခြင်း အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုထောက်ပံ့ငွေကျပ် ငါးသိန်းနှင့် အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)



