နေပြည်တော် ဇူလိုင် ၁
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက် အမှတ် M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geotechnical Site Survey(GTI) and Associated Studies ဘူမိဗေဒနည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်းလုပ်ငန်းများအား Survey Vessel: MV. DP2 KEYFIELD HELMS (Call Sign: 3EJN) ရေယာဉ်ဖြင့် ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရည်ညွှန်းပါစာဖြင့် ညှိနှိုင်း မေတ္တာရပ်ခံခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အဆိုပါနေ့ရက်တွင် လုပ်ငန်းများမပြီးပြတ်သေးပါဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။
Geotechnical Site Survey(GTI) လုပ်ငန်းများဆောင်ရွက်မည့် တည်နေရာကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
No. Point Latitude Longitude
1. M3 ASK-12 15° 25' 58.62" N 95° 30' 00.83" E
2. ZWP-16(Zawtika-25) 14° 15' 20.15" N 95° 33' 27.38" E
3. ZWP-17(Zawtika-29) 14° 31' 04.83" N 96° 00' 39.77" E
4. ZWP-18(Zawtika-14) 13° 57' 00.16" N 95° 46' 05.52" E
5. ZWP-19(Zawtika-12) 14° 15' 17.31" N 95° 56' 35.79" E
6. Zawtika-38(Jacket Receiver) 14° 22' 03.20" N 95° 45' 39.48" E
သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ် M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geotechnical Site Survey (GTI) and Associated Studies ဘူမိဗေဒနည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်းလုပ်ငန်းများကို Survey Vessel: MV. DP2 KEYFIELD HELMS (Call Sign: 3EJN) ရေယာဉ်ဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက် နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါလုပ်ငန်းခွင်တည်နေရာများမှ ၄ ကီလိုမိတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) ကို ထုတ်ပြန်ကြေညာထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်



