ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးညှိနှိုင်းဆွေးနွေး

 

ဟားခါး   ဇူလိုင်   ၁


ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ဇွန် ၃၀ ရက်က ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌   ကျင်းပရာ   ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်  တက်ရောက်  အမှာ စကားပြောကြားသည်။

 


ပြည်နယ်ဝန်ကြီးချုပ်က အစည်းအဝေး  တက် ရောက်လာကြသည့် ပြည်နယ်အဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထန်တလန်မြို့နယ်ကို ယခင် ပုံမှန်အတိုင်း   ပြန်လည်ဖြစ်လာစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးကြစေ လိုကြောင်း၊ အလားတူ အစည်းအဝေးတက်ရောက် လာကြသည့် ထန်တလန်မြို့မိမြို့ဖများနှင့် ဆရာတော် များအနေဖြင့်လည်း ထန်တလန်မြို့နယ်အခြေအနေ နှင့် ပြန်လည်ထူထောင်ရေးအတွက် တင်ပြလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလို ကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည့်အချက်မှာ ယာယီ တိုက်ပွဲရှောင် ပြည်သူများကို ဟားခါးမြို့သို့ ပြောင်းရွှေ့ လာရေး ဆရာတော်များနှင့် မြို့မိမြို့ဖများ ဆွေးနွေး ပေးစေလိုကြောင်း၊   ယာယီတိုက်ပွဲရှောင်ပြည်သူ များ  ဟားခါးမြို့သို့ ပြောင်းရွှေ့ရန်အခက်အခဲရှိပါက ကားများ  စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် ထန်တလန်မြို့နယ်   ပြန်လည်ထူထောင်နိုင်ရေး အတွက်  အဓိကလိုအပ်ချက်မှာ  ယုံကြည်မှုဖြစ်၍ ယုံကြည်မှုတည်ဆောက်ကြရန်လိုကြောင်း  အမှာစကား ပြောကြားသည်။

 


ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ယနေ့ ကျင်းပသည့်အစည်းအဝေးသည် ထန်တလန် ယာယီ တိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ပြန်လာစေရေး နှင့် ထန်တလန်မြို့  အေးချမ်းသာယာပြီး   တရား ဥပဒေစိုးမိုးသည့်မြို့   ပြန်ဖြစ်လာစေရေးအတွက် ဆရာတော်များ၊ မြို့မိမြို့ဖများနှင့်    ပူးပေါင်း၍  မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။

 


ဆက်လက်၍  လုံခြုံရေးနှင့်    နယ်စပ်ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့ က  ပြန်လည်ထူထောင်ရေးနှင့်  တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ အနေဖြင့် ကြိုတင်ဆောင်ရွက်ရမည့်အချက်များကို အကြံပြုဆွေးနွေးကြသည်။

 


ထို့နောက် ထန်တလန်မြို့နယ်မှ သိက္ခာတော်ရ ဆရာတော် ဒေါက်တာလာလ်အုပ်၊ မြို့မိမြို့ဖ ဦငွန် ဟရမ်၊ ဦးရမ်ခါရ်နှင့် ဦးလောမ်းဘိခ့်တို့က ယာယီ တိုက်ပွဲရှောင်ပြည်သူများ  မိမိတို့ဒေသသို့ ပြန်လည် အခြေချနိုင်ရေးနှင့်  ထန်တလန်မြို့    ပြန်လည် ထူထောင်ရေးအတွက် ပြည်နယ်နှင့် ပြည်ထောင်စုမှ ဆောင်ရွက်ပေးစေလိုသည့်အချက်များကို  ဆွေးနွေး တင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ   တာဝန် ရှိသူများက ထန်တလန်မြို့နယ်   ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခင်ဆောင်ရွက်ပြီး  ဆောင်ရွက်ဆဲနှင့် ဆက်လက်     ဆောင်ရွက်မည့်   အစီအမံများကို ရှင်းလင်းတင်ပြကာ    ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

   
ခရိုင် (ပြန်/ဆက်)