နေပြည်တော် ဇူလိုင် ၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်တွင် ရုံးအမှတ် (၁) ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
ယနေ့ကျင်းပသည့် သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားသည် ရုံးပတ်ဝန်းကျင်နှင့် မိမိတို့ ဝန်းကျင် စိမ်းလန်းသာယာလှပစေ ရန်၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်း ရေးလုပ်ငန်းများ၌ ဝန်ထမ်းများ နှင့် ပြည်သူများ တက်ကြွစွာ ပါဝင်လာစေရန်၊ ရာသီဥတု သမ မျှတ၍ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်စေရန် အဓိကရည်ရွယ်ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က အင်ကြင်းပျိုးပင်ကိုလည်း ကောင်း၊ ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော်က တောထန်းပင်ကို လည်းကောင်း စိုက်ပျိုးပေးကြ သည်။ ဆက်လက်၍ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ က သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။
ယင်းနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ် နေရာအသီးသီးတွင် စုပေါင်း သစ်ပင် စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့ကျင်းပသည့် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် အင်ကြင်း၊ တောထန်း၊ ကံ့ကော်၊ ခရေ၊ ပင်မြင့် သဇင်၊ ငုစပ်ချယ်ရီပင်တို့ အပါ အဝင် နှစ်ရှည်အရိပ်ရလေကာပင် နှင့် ပန်းအလှပင် စုစုပေါင်း ၁၀၈ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



