မီဒီယာသည် နိုင်ငံအတွက် များစွာအရေးကြီး၊ သွက်လက်ထက်မြက်မှု၊ နုပျိုသစ်လွင်မှုများနှင့် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ဆက်လက်ဖော်ဆောင်
နေပြည်တော် ဇူလိုင် ၁
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော် သတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြား ရေးဝန်ကြီးဌာန၏ ဌာနကြီးတစ်ခု ဖြစ်သည့် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် သတင်းနှင့်စာနယ်ဇင်း ကော်ပိုရေး ရှင်းအဖြစ် ဖွဲ့စည်းထားရာမှ ၁၉၉၈ ခုနှစ် ဧပြီ ၁ ရက်တွင် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့်အတွက် ယခုအခါ ၂၄ နှစ်တာကာလကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၄ နှစ်ပြည့်မြောက်သည့် ကာလ တွင် ဘယ်လိုတိုးတက်မှုတွေ၊ အောင်မြင်မှုတွေရှိခဲ့သလဲ၊ ဘယ်လို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိခဲ့သလဲဆိုတာတွေကို ပြန်လည် သုံးသပ်ကြည့်ရမှာ ဖြစ်သလို အနာဂတ်ကို ဘယ်လိုဆက်သွား ရမယ်ဆိုတာတွေကို မျှော်တွေး လုပ်ကိုင်ကြရမှာ ဖြစ်ပါကြောင်း။
မီဒီယာသည် နိုင်ငံအတွက် များစွာ အရေးကြီးပါကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့် နိုင်ငံအတွက် အရေးကြီး သည့် အခန်းကဏ္ဍတွင် ပါဝင်သည့် အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ ပြည်သူကို ဝန်ဆောင်မှု များပေးလျက်ရှိရာ သွက်လက် ထက်မြက်မှု၊ နုပျိုသစ်လွင်မှုများ နှင့် နိုင်ငံတော်နှင့် ပြည်သူအကျိုး အတွက် ဆက်လက်ဖော်ဆောင် သွားစေလိုပါကြောင်း။
နှစ်ပေါင်း ဤမျှကြာမြင့် အောင် ထိန်းသိမ်းဖြစ်တည်လာခဲ့ သည့် ဌာနကြီးကို လက်ဆင့်ကမ်း ပြီး အရည်အသွေး၊ အရည်အချင်း တိုးတက်မြင့်မားအောင် ဆောင် ရွက်လျက်ရှိသည့် ဌာနအကြီးအကဲ များ၊ စာတည်းမှူးချုပ်များနှင့် စာတည်းအဖွဲ့ဝင်များ၊ သတင်း ထောက်များ၊ ဝန်ထမ်းများ အပါအဝင် ပြင်ပမှ ဝိုင်းဝန်းကူညီ အားဖြည့်ပေးသည့် စာရေးဆရာ ကြီးများ၊ ပြင်ပသတင်းထောက် များ၊ စာဖတ်ပရိသတ်များ၊ သတင်းစာကိုယ်စားလှယ်ကြီးများ နှင့် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီကြသူအားလုံးကို ကျေးဇူး တင်ရှိပါသည် ဂုဏ်ပြုပြောကြားလိုပါကြောင်း။
သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအနေဖြင့် စတင်ဖွဲ့စည်း ချိန်မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၂၄ နှစ်တာကာလအတွင်း နိုင်ငံ တော်နှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်း အားထုတ်မှု အားလုံးကို ပြည်ထောင်စုဝန်ကြီးအနေဖြင့် အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက မြန်မာ့အလင်းသတင်း စာတိုက်၊ ကြေးမုံသတင်းစာတိုက် နှင့် မြန်မာ့သတင်းစဉ်တို့ကို ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က Myanmar Digital News နှင့် ရုံးချုပ် (သတင်းဌာန) တို့ကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ညွှန်ကြားရေးမှူး ချုပ်များနှင့် ဦးဆောင်ညွှန်ကြား ရေးမှူးတို့က ဆုရရှိသော ဌာနများ အလိုက် ဆုများပေးအပ်ချီးမြှင့် သည်။
ယင်းနောက် အငြိမ်းစား စာတည်းမှူးချုပ် နှစ်ဦးက မုဒိတာ စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်



