နေပြည်တော် ဇူလိုင် ၁
ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသအတွင်း ၌ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်ထမ်းဆောင် နေသည့် တပ်မတော်သားများအတွက် ဇွန် ၃၀ ရက် တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုက စားသောက်ဖွယ်ရာ ၁၁ မျိုးကို အရှေ့တောင် တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ဂုဏ်ပြုချီးမြှင့်ကြသည်။
တပ်မတော်သားများအတွက် ပေးအပ်ချီးမြှင့် သော စားသောက်ဖွယ်ရာ ၁၁ မျိုးကို မွန်ပြည်နယ် (YMBA) ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးက ပေးအပ်ချီးမြှင့် ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အလားတူ ယနေ့ ညနေပိုင်းတွင်လည်း မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့၊ ပြင်ဦးလွင်မြို့နှင့် ကျောက်ဆည်မြို့တို့မှ စေတနာရှင်မိဘပြည်သူများ က ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေဒေသ အတွင်း၌ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ် သိန်း ၅၅၀ နှင့် စားသောက် ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



