အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဇူလိုင်   ၁


အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊  နိုင်ငံခြားရေးနှင့်  အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး   H.E.Mr. Prak Sokhonn နှင့်  NCA  လက်မှတ်ရေးထိုးထားသည့်   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့တို့ သည်      ယနေ့နံနက်ပိုင်းတွင်     နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ   ဒုတိယဝန်ကြီးချုပ်   ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထား သည့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ   ဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု  ကရင် တပ်မတော်    (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၊  လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊   မွန်ပြည်သစ်ပါတီ(NMSP)၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်  (PNLO)၊  သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)  အဖွဲ့တို့မှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


တွေ့ဆုံဆွေးနွေးပွဲတွင်  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E.Mr.Prak Sokhonn က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 


ထို့နောက် NCA  လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက  အဖွဲ့အလိုက်    မိတ်ဆက်စကား ပြောကြားကြပြီး တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များကို ဆွေးနွေး ပြောကြားသည်။

 


ယင်းနောက်    တက်ရောက်လာသော   NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား KNU/KNLA(PC)မှ  ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက  ကျေးဇူးတင် စကားပြောကြားပြီး   အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏  မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ်၊  ကမ္ဘောဒီးယားနိုင်ငံ    ဒုတိယဝန်ကြီးချုပ်   H.E.Mr.Prak Sokhonn က  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။          

                
သတင်းစဉ်