နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Academy တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇူလိုင်   ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်        ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   တာဝန်ရှိသူများ   လိုက်ပါ၍ ယနေ့    မွန်းလွဲပိုင်းတွင်   နေပြည်တော်ကောင်စီ နယ်မြေ   ဇဗ္ဗူသီရိမြို့နယ်ရှိ  Naypyitaw State Academy(NSA)  တည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ အစည်းအဝေးခန်းမတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက  တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ  ညွန့်ဖေက  Naypyitaw State Academy တည်ဆောက်ပြီးစီးပါက သင်ကြားရေး အတွက် မဟာဌာနများနှင့် အုပ်ချုပ်ရေးဌာနများတွင် ဝန်ထမ်းများ   ခန့်အပ်တာဝန်ပေးရန်   လျာထားမှု၊ သင်ကြားမှုများ    ဆောင်ရွက်နိုင်မည့်   ပညာရေး ဝန်ထမ်းများခန့်အပ်ရာတွင်  စနစ်တကျ   စိစစ် ရွေးချယ် ခန့်အပ်ဆောင်ရွက်သွားမည့်     အခြေအနေ များ၊ ပေးအပ်သွားမည့် ဘွဲ့အမျိုးအစားများ လျာထား မှု၊ အဆောက်အဦများအလိုက်   သင်ကြားရေးဌာနများ   ဖွင့်လှစ်ဆောင်ရွက်ရန်  လျာထားမှုအခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။    

 


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သင်ကြားရေးနှင့် ပတ်သက်၍  နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်သားသမီးများ များစွာ ရှိသော်လည်း အဆင့်မြင့်ပညာသင်ကြားရေးအတွက် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်   သစ်တောတက္ကသိုလ် များသာရှိပြီး အခြားတက္ကသိုလ်မရှိကြောင်း၊ ဝန်ထမ်း မိသားစုများရှိ      မျိုးဆက်သစ်သားသမီးများ၏ ပညာရေးအဆင့်မြှင့်တင်ရာတွင် အဆင့်မြင့်ပညာရေး အဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက်  တာဝန်ရှိသူအသီးသီး နှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်စေ ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တက္ကသိုလ်နေရာသည် ယခင် အားကစားတက္ကသိုလ်အဖြစ် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးဖြင့် အားကစားတက္ကသိုလ်မဖွင့်နိုင်ခဲ့ကြောင်း၊ ယင်းကိုအခြေခံ၍ တက္ကသိုလ်အင်္ဂါရပ်နှင့်ပြည့်စုံအောင် အဆောက်အဦ များ    ဖြည့်တင်းတည်ဆောက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအတွင်းလိုအပ်သည့် သင်ကြားရေးအဆောက် အဦများ၊ အုပ်ချုပ်မှုအဆောက်အဦများ ဆောက်လုပ် ရာတွင် စနစ်တကျတွက်ချက်ပြီး ရေရှည်ကိုမျှော်တွေး ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုစီမံကိန်း နှင့်  ပတ်သက်၍ အခေါ်အဝေါ်သတ်မှတ်ခြင်းနှင့် ဌာနဖွဲ့စည်းမှုများကို   သတ်မှတ်ရာ၌  အခြားနိုင်ငံ ကြီးများတွင်   အသုံးပြုသည့်   ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများနှင့် လုပ်နည်းစနစ်များကို လေ့လာ ဆောင်ရွက်၍ စနစ်တကျ သတ်မှတ်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊  သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ရှစ်မြို့နယ်မှ   သတ်မှတ်အရည်အချင်းကိုက်ညီသူ များကို အဓိကထားရွေးချယ်ရန်လိုပြီး ဘာသာရပ် အလိုက် ထူးချွန်သူများကို ဦးစားပေးရွေးချယ်ကြရမည်ဖြစ်ကြောင်း၊     ယခုနှစ်   ပညာသင်နှစ်မှစ၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်ရေး ဆောင်ရွက်ကြရန်လို ကြောင်း၊ ထိုမှတစ်ဆင့် ပညာသင်နှစ်အလိုက် ဆင့်ကဲ့ ဆင့်ကဲစနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား များကို ဆက်လက်ခေါ်ယူသင်ကြား  ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  ယခုနှစ် ကျောင်းတက်ရောက် သူများအနေဖြင့် မိမိတို့၏နေအိမ်များမှ ကျောင်း တက်ရောက်နိုင်ရေးအတွက် ဖယ်ရီ ကြို၊ ပို့ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောင်တွင် တက္ကသိုလ်ရှိ အဆောင်များတွင်နေထိုင်၍ တက်ရောက်သင်ကြား နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ NSA တွင် ရွေးချယ်ထားသော  ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊   ဥပဒေ၊    လူမှုရေး၊    အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည်ဖြစ်ကြောင်း၊ အဓိကကျသည့် ဘာသာရပ်များကို စနစ်တကျဖြင့် သင်ကြားပေးပြီး နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လူသားအရင်း အမြစ်များ မွေးထုတ်ပေးနိုင်သည်အထိ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ယခုတက္ကသိုလ် တွင် အဆင့်မြင့်ပညာ ပါရဂူဘွဲ့များ ပေးအပ်နိုင်သည် အထိ    သင်ကြားပေးမည်ဖြစ်ကြောင်း၊    ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည်တော် တက္ကသိုလ်တို့သည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များ ဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင်       ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန် လိုကြောင်း။

 


ရေရှည်တည်တံ့ကောင်းမွန်ရန်


ဆောက်လုပ်ရေးနှင့်ပတ်သက်၍ အဆောက်အဦ များ ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ကောင်းမွန် စေရန်အတွက် စနစ်တကျတွက်ချက်၍ မျှော်တွေး ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ် ဆရာ၊ ဆရာမ များအတွက်    နေထိုင်ရေး   အဆောက်အဦများကို ဦးစားပေးအနေဖြင့်    တည်ဆောက်သွားရန်လိုပြီး ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် ဂုဏ်ထူး တန်းများအတွက်လည်း ကြိုတင်စဉ်းစားဆောင်ရွက် ကြရန်လိုကြောင်း၊ အဆင့်မြင့်ပညာသင်ကြားရေးတွင် ဓာတ်ခွဲခန်းနှင့် စာကြည့်တိုက်များသည် မဖြစ်မနေ လိုအပ်ပြီး   E-library   ကိုလည်း   တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊   ဧည့်ပါမောက္ခ၊ ဧည့်ဆရာ၊ ဆရာမများ တည်းခိုနေထိုင်ရေးအတွက် လည်း ကြိုတင်စဉ်းစားထားရန်လိုကြောင်း၊  အဆောက် အဦများ စနစ်တကျ ပြည့်စုံစွာတည်ဆောက်နိုင်ရေး အတွက် တစ်ဆင့်ချင်း စဉ်းစားပြီးလုပ်ဆောင်သွားရန် လိုကြောင်းဖြင့် မှာကြားသည်။

 


ဂုဏ်သိက္ခာနှင့် လျော်ညီမှုရှိစေရန်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Naypyitaw State Academy Main အဆောက်အဦ ကြီးအတွင်း လှည့်လည်၍ စာသင်ခန်းမဆောင်များ၊ သင်ထောက်ကူပြုပစ္စည်းများ     ခင်းကျင်းထားရှိမှု၊ Hall ခန်းမကြီး တည်ဆောက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ကုန်ကျစရိတ်သက်သာပြီး အဆင့်မီ စေရန်၊ ဂုဏ်သိက္ခာနှင့် လျော်ညီမှုရှိစေရန် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေ အနေများနှင့်    ပတ်သက်၍    တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

 


အဆင့်မြင့်ပညာများကို သင်ကြားနိုင်မည်


အဆိုပါ Naypyitaw State Academy စီမံကိန်း ကို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေး နိုင်ရေးအတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှု ဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် တွင် ယခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊  ပညာသင်ကြားမှုများ အဆင် ပြေ    ချောမွေ့စေရန်အတွက်    စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရုံးခန်းများ၊   စာသင်ခန်းများ၊   ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကို      ပြည့်စုံစွာဖြင့်    ထည့်သွင်း တည်ဆောက်လျက်ရှိကြောင်း၊    နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၏     သားသမီးများအပါအဝင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ     ဒေသခံ ပြည်သူများ၏      သားသမီးများအနေဖြင့်လည်း အဆင့်မြင့်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်