လယ်မြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနေသည့် ပြည်သူ့အကျိုးပြု ဇီးဖြူကုန်းရေတံခါး

 

တွံတေး   ဇွန်   ၃၀


စိုက်ပျိုးရေး၊       မွေးမြူရေးနှင့် ဆည်မြောင်း           ဝန်ကြီးဌာန ဆည်မြောင်းနှင့်    ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန   ရန်ကုန် တိုင်းဒေသကြီး   တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာ        အနီးရှိ ကျေးရွာ  ဇီးဖြူကုန်း  ရေတံခါး တည်ဆောက်ထားသည့်အတွက် ကြောင့်   မိုးရာသီတွင်   တွံတေး တူးမြောင်းအတွင်း ဒီရေတက်ချိန် ပြင်ပရေများ ဇီးဖြူကုန်းကျေးရွာ အနီးတစ်ဝိုက်ရှိ   ကျေးရွာနေ ဒေသခံ ပြည်သူများ၏ လယ်ယာ မြေများ       ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်      ရှိကြောင်း သိရသည်။

 


ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့်   ဇီးဖြူကုန်း ရေတံခါးအမျိုးအစားမှာ   သံကူ ကွန်ကရစ်ရေတံခါး ၆ ပေ x ၁၂ ပေ ခုနစ်ပေါက်ကို ၁-၁-၁၉၉၈ ခုနှစ်က စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး    ၃၁-၇-၁၉၉၈ ခုနှစ်တွင် စီမံကိန်းပြီးစီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံက   သိရ သည်။

 


အဆိုပါ ရေတံခါး တည်ဆောက် ရခြင်းမှာ    မိုးရာသီတွင်   တွံတေး  တူးမြောင်းအတွင်း ဒီရေတက်ချိန်      ပြင်ပရေများကို     ကွင်းအတွင်း         ဝင်ရောက်ခြင်းမှ     တားဆီးပေး ခြင်းဖြင့်     ရန်ကုန်တိုင်းဒေသကြီး    တွံတေးမြို့နယ် ရွှေမယင်းကွင်း       အတွင်းရှိ          လယ်ယာမြေဧက ၇၅၀၀ ကျော်ကို ရေကြီးနစ်မြုပ်မှုမှ       ကြိုတင်ကာကွယ်ရေး၊     မိုးနှောင်း ကာလတွင်  ရေချိုများ  သိုလှောင် ထိန်းသိမ်းပြီး            မိုးစပါးအောင် ရေများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဆောင်းသီးနှံများအတွက်     အစို ဓာတ် ထိန်းသိမ်းနိုင်ရေး၊ နွေရာသီ တွင် ဆောင်းသီးနှံနှင့် နွေစပါးများ ပိုမိုစိုက်ပျိုးနိုင်စေရေး        အတွက် တွံတေး       တူးမြောင်းအတွင်း ရေငန်မထိုးမီ ရေချိုကို လုံလောက် စွာ ပေးသွင်းနိုင်ရေး၊ နွေရာသီတွင် ပင်လယ်ဆားငန်ရေနှင့်  သဲနုန်း များ  ကွင်းအတွင်းသို့  ဝင်ရောက် ခြင်းမှ     ကာကွယ်ပေးခြင်းဖြင့် လယ်ယာမြေများ     အငန်ဓာတ် ပေါက်ခြင်းနှင့်          ချောင်းများ တိမ်ကောမှုကို    တားဆီးပေးနိုင် ရေး    ရည်ရွယ်၍    ဇီးဖြူကုန်း ရေတံခါးကို    ဒေသခံပြည်သူများ အတွက် နိုင်ငံတော်က ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း             သိရ သည်။

 


ယင်းဇီးဖြူကုန်းရေတံခါးကို တည်ဆောက်ပေးခဲ့ရာတွင် ဒေသ အတွင်းမှ   ပြည်သူများ   ဒေသ ထုတ်ကုန်များ အချိန်နှင့်တစ်ပြေး ညီ     စျေးကွက်ရောက်ရှိစေရေး အတွက် ရေယာဉ် အဝင်/အထွတ် တံခါးမှ    အတွင်း၊အပြင်   ရေ ထိန်းညှိပေးကာ ပဲ့ထောင်စက်လှေ များကို အဝင်/အထွတ်ပြုလုပ်ပေးလျက်ရှိကြောင်းလည်း      သိရ သည်။        

       
မျိုးလှိုင် (တွံတေး)